Menu

22.၂၂။ တိုးတက်ရန်အတွက် ပြန်လည်ကြည့်ရှုခြင်း။

သတင်းခန်းအစည်းအဝေးများကဲ့သို့ပင် သေချာပြန်လည်စစ်ဆေးခြင်းကို အသင်းအဖွဲ့ဖြင့်လုပ်ဆောင်ရန် လိုအပ်သည်။ ထုတ်လွှင့်မှုအပြီးတွင် ထုတ်လုပ်မှုတွင် အသုံးပြုခဲ့သော နည်းလမ်းများကို ပြန်လည်ဆွေးနွေးပြီး ထုတ်လွှင့်မှုနှင့်ဆိုင်သောအကြောင်းအရာများပေါ်တွင် အားသာချက် အားနည်းချက်များ ဖော်ထုတ်ရမည်။ သေချာပြန်လည်စစ်ဆေးမှုများများပြုလုပ်လေ သတင်းခန်းသည်လည်း တိုးတက်လာပြီး ထုတ်လုပ်မှုတစ်ခုလုံးသည်လည်းတိုးတက်လာမည်။                

မည်သူတွေပါဝင်သလဲ။

စီစဥ်ညွှန်ကြားသူများ၊ သတင်းထောက်များ၊ ကင်မရာသမားများ၊ အယ်ဒီတာများ၊ ဇာတ်ညွှန်းကောက်သူများ၊ အသံပိုင်းနှင့် အရုပ်ပိုင်းဆိုင်ရာ တည်းဖြတ်သူများ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ

မည်သည့်အချိန်တွင်ပြုလုပ်ရမည်နည်း။

တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါ သတင်းထုတ်လုပ်မှုများကို မှတ်စုလိုက်ခြင်းမရှိပဲ လူတိုင်းတစ်စု တစ်ဝေးတည်းကြည့်ရှုသင့်သည်။ ကြည့်ရှုပြီးသည့်အချိန်တွင် လူတိုင်းသည် ခေါင်းထဲတွင်ပေါ်လာသမျှကို ဆက်တုိက်ဆိုသလိုနှင့် ခံစားရသည့်အတိုင်း ချရေးသင့်သည်။ ထိုစဥ်အတွင်း ခေါင်းထဲတွင်ေပါ်လာသမျှကို ညှစ်ထုတ်ခြင်းမရှိပဲ သို့မဟုတ် ထုတ်လုပ်နေစဥ်က အခြေအနေများကို ပြန်လည်ပုံဖော်ခြင်းမရှိပဲ ချရေးသင့်သည်။ ကြည့်ရှုရာတွင် ပါဝင်သည့် ကျွမ်းကျင်သူများသည် ထုတ်လွှင့်မှုတွင် အာရုံစိုက်ပြီး သတင်းကို ကြည့်ရှုသူ ပရိသတ်နေရာမှသာ ခံစားဆွေးနွေးသင့်သည်။ သေချာပြန်လည်စစ်ဆေးခြင်းသည် သတင်းပိုင်းဆိုင်ရာ မေးခွန်းထုတ်ခြင်းမဟုတ်သကဲ့သို ့အဖွဲ့အစည်းဆိုင်ရာ သို့မဟုတ် လူ၏ ကျွမ်းကျင်မှု ဆိုရာကို မေးခွန်းထုတ်ခြင်းလည်းမဟုတ်ချေ။

ထုတ်လုပ်မှုကို အသေအချာ ပြန်လည်စစ်ဆေးရာတွင် ဆွေးနွေးရမည့်အရာ

၁။ ထုတ်လုပ်မှုကို စာတစ်ကြောင်းတည်းဖြင့် အတိုချုံ့နိုင်သည်။ ။ သတင်း——-:——-ရည်ရွယ်ရာ

၂။ သင့်စိတ်ထဲစွဲကျန်ရစ်သည့် အဓိက ရုပ်ကတ်များ သို့မဟုတ် အသံများ ———————————

၃။ ရုပ်/ အသံအချိုး အဓိပ္ပါယ်ရှိပါသလား။

၄။ ထုတ်လုပ်မှုကို လွယ်ကူစွာအမျိုးအမည်တပ်နိုင်ပါသလား။

  • ဖြစ်ရပ်တစ်ခုအမှန်တကယ်ဖြစ်ပွါးသည့်အတိုင်းထုတ်လုပ်တင်ဆက်နိုင်သည်။ ။ ဖြစ်ပွါးသည့်မူလနေရာမှ တွေ့ဆုံမေးမြန်းမှုများ၊ ဖြစ်ပွါးသည့်နေရာမှ တင်ဆက်မှု၊ နောက်ခံစကားပြောသည် အရုပ်များနှင့် အသံများကို ခြုံငုံမိသည်။
  • boxed text သည် သတင်းအချက်အလက်စုံအောင်ပေးနိုင်ပြီး နောက်ခံစကားပြောသည် သရုပ်ဖော်မှုများ သို့မဟုတ် ကွန်ပြူတာ ဂရပ်ဖစ်များကို ရှင်းလင်းစွာရှင်းပြနိုင်သည်။
  • အစိတ်အပိုင်းတစ်ခုဖြစ်သည်၊ ရှည်လျားသည့် ထုတ်လုပ်မှု မတူညီသည့် ရည်ရွယ်ချက်များကိုဖော်ထုတ်နိုင်မှု သို့မဟုတ် မတူညီသည့် ထုတ်လုပ်မှုများမှ တူညီသည့် သတင်းအကြောင်းအရာ။

၅။ ထုတ်လုပ်မှုသည် တင်ဆက်သူ၏ အဖွင့်ဖြင့်စသည်။

၆။ အဖွင့်သည် လွယ်ကူစွာမှတ်မိနိုင်ပြီး သတင်းဆက်လက်တင်ဆက်မှုအတွက် ကောင်းမွန်သောအစဖြစ်သည်။

၇။ အဆုံးသတ်သည် ရည်ရွယ်ချက်ကိုအနှစ်ချုပ်နိုင်ပြီး တံခါးအသစ်ဖွင့်ပေးသည်။

၈။ ထုတ်လုပ်မှုသည် တင်ဆက်သူ၏ အဆုံးသတ်စကားလုံးအချို့ဖြင့် ပြီးဆုံးသွားသည်။

၉။ တွေ့ဆုံမေးမြန်းမှုများသည် အဓိပ္ပါယ်ရှိသည်။

၁၀။ သတင်းအချက်အလက်သည် ပြည့်စုံ၍ ရှင်းလင်းမှုရှိသည်။

၁၁။ စည်းချက်နှင့် ကြာချိန်သည် သတင်းအတွက် ကိုက်ညီမှုရှိသည်။

၁၂။ ထုတ်လုပ်မှုသည် သတင်းတင်ဆက်မှုတစ်ခုလုံးနှင့်အံဝင်သည်။

By continuing to use this site, you agree to the use of cookies or similar technologies to gauge audience usage and to offer you social networking features, related content and customised advertising.

OK, I understand