Menu

11.၁၁။ အသံများကို စီမံခန့်ခွဲခြင်း။

ထုတ်လွှင့်မှုဘာသာစကားတွင် အသံပိုင်းဆိုင်ရာကို စကားပြေပြန်ပြောပြချက် သို့မဟုတ် ဖြေဆိုသူ၏ စကားလုံများလျှော့ချလိုက်သည်။ အသံများသည် သတင်းအချက်အလက်များရရှိရန်အတွက် အရေးပါသော်လည်း တိုက်ရိုက်အသံများ သို့မဟုတ် သဘာဝအသံများ ၏ အရေးပါမှုကိုလည်းမေ့လျော့ မနေသင့်ချေ။ ထိုအသံများသည် ရုပ်များကို အသက်ဝင်လာစေပြီး ကြည့်ရှုသူကိုလည်း တင်ဆက်မှုတွင် စိတ်ဝင်စားလာစေသည်။ ကျယ်လောင်သောသီချင်းနှင့် ရေဒီယို၏ တိတ်ဆိတ်မှုအကြားတွင် သတင်းတင်ဆက်မှုကို နက်ရှိုင်းစေသည့် အသံအပိုင်းအခြားများရှိသည်။                 

အသံတိုက်ရိုက်ထုတ်လွှင့်မှု

အသံတိုက်ရိုက်ထုတ်လွှင့်မှု သို့မဟုတ် သဘာဝအသံ/ ဆူညံသံသည် ကွင်းဆင်းသတင်းရယူမှုတွင် အထူးအရေးပါသည်၊ လက်တွေ့ဘဝ၏ ရုပ်ပုံများနှင့် အသံများကို လျှပ်တစ်ပြတ် ရိုက်ယူထားခြင်းဖြစ်သည်။ အကယ်၍ ပန်းပဲထုသူမှ သံထည်ကို ရေထဲသို့နစ်လိုက်ချိန်တွင် သံပူသည် ရေနှင့် ထိတွေ့သွားသည့်အသံကို ကြားရမည်။ သတင်းတင်ဆက်မှုအမြောက်အများတွင် အသံပိုင်းဆိုင်ရာသည် တစ်ထီးတည်းသတင်အချက်အလက်ပေးနိုင်သည်။ ထိုအသံများကြောင့် ကြည့်ရှုသူသည် “ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများမည်မျှပြင်းထန်သည်” ကိုမြင်နိုင်ခြင်း၊ “အနိုင်ရသူများ၏ အောင်ပွံခံသံ” ကိုကြားနိုင်ခြင်း၊ အဝေးပြေးလမ်းမပေါ်တွင်နေထိုင်သူများမှ “လမ်းပေါ်ရှိအသံဗလံ”များကို ပြစ်တင်ဝေဖန်မှုများစသည်ဖြင့် တို့ကိုကြားနိုင်သည်။ ထိုကဲ့သို့သော အကြောင်းအရာများကို သတင်းတင်ဆက်ရာတွင် တင်ဆက်သူမှစကားပြေပြန်ပြောပြခြင်းထက် ထိုသဘာဝသံများကို ထည့်သွင်းခြင်းက သတင်းအချက်အလက်ကို ပိုမို ခိုင်မာစေသည်။

တစ်ထီးတည်းအသံ

ရိုက်ကူးရာတွင် တစ်ထီးတည်းအသံများကို ဖမ်းယူခြင်းသည် အလွန်ကောင်းသောအလေ့အကျင့်ဖြစ်သည်။ ထိုအသံများကို တည်းဖြတ်ရာတွင်အသုံးပြုရန်အတွက် ကင်မရာ မှန်ဘီလူးကို လက်ဖြင့်ကွယ်၍ “တစ်ထီးတည်းအသံ”ဖြစ်ကြောင်း ပြောပြထားသင့်သည်။

  • တစ်ထီးတည်းအသံများသည် တည်းဖြတ်ရာတွင် ရုပ်ကတ်များနှင့် ချိတ်ဆက်ရန်နှင့် အဓိကရိုက်ချက်များ သို့မဟုတ် အထူးပြုချက်များကို ခိုင်မာလာစေရန်အတွက် အသုံးဝင်သည်။
  • အသံပိုင်းဆိုင်ရာတည်းဖြတ်ရာတွင် အသုံးဝင်ပြီး၊ အသံများအဆက်မပြတ်သွားစေရန်နှင့် တင်ဆက်မှုတစ်ခု၏ အစပိုင်းနှင့် အဆုံးပိုင်းတွင်ပါဝင်သော အသံများကို ညီမျှစေသည်။

တွေ့ဆုံမေးမြန်းမှုသည် အသံပိုင်းတွင်ရှေ့အကျဆုံးဖြစ်သည်။

  • ကြိုးမဲ့သက်ရောက်မှု

တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသူအတွက် ကြိုးမဲ့မိုက်ခရိုဖုန်းကိုပေးထားပြီး အဝေးမှရိုက်ချက်ဖြင့်သာ ရိုက်ကူးမည်ဆိုပါက သူသည် အဝေးမှအရိပ်ပုံစံဖြင့်သာ ကင်မရာဘောင်တွင်းတွင် ပါဝင်သည်ဖြစ်စေ သူ၏အသံကို ကျယ်ကျယ်နှင့် ကြည်လင်စွာကြားနိုင်သည်။ ထိုအခြေအနေတွင် အသံအနိမ့်အမြင့်ကို ထိန်းညှိရန်လိုအပ်သည်။

  • မိုက် အနေအထား

မိုက်ကိုင်သည့်အချိန်တွင် သင်၏လက်မောင်းဖြင့်ကင်မရာကိုကွယ်မနေစေရန် ဆန့်ကျင်ဘက်လက်ဖြင့် မိုက်ကိုကိုင်သင့်သည်။ မိုက်ကို ကင်မရာတွင်းသို့မဝင်နိုင်စေရန်အတွက် နိမ့်ထားရမည်ဖြစ်သော်လည်း ေဖြဆိုသူကို အသံဖမ်းနိုင်ရန်အတွက် လိုအပ်သလိုမြင့်ထားရန်လိုအပ်သည်။

ကျောဘက်မှ သွယ်ယူထားသောမိုက်သည် ပိုမိုသတိထားရပြီး ေဖြဆိုသူအတွက်လည်း ပြင်ဆင်ပေးရန်အလွန်ခက်သည်။

ပုံမှန်မိုက်သည် လိုအပ်သည့်အချိန်တွင် လိုအပ်သလို သတင်းသမားကိုပြင်ဆင်ခွင့်ပေးသည်။

တေးဂီတပိုင်းဆုိင်ရာ သရုပ်ေဖာ်ချက်

ဤအရာသည် အားကစားနှင့် အနုပညာနှင့်ဖျော်ဖြေရေးဆိုင်ရာ သတင်းများအတွက်နှင့် သရုပ်ဖော်မှုများတွက် စည်းချက်ကျမှုကို ယူဆောင်လာပေးသည်။ တင်ဆက်မည့်အကြောင်းအရာနှင့် ဆက်ဆိုင်၍ ဂရုတစိုက်ရွေးချယ်ထားခြင်းဖြစ်ပါက လက်ခံနိုင်သည်။ boxed texts များကိုတည်းဖြတ်ရန် အညွှန်းအဖြစ်အသုံးပြုပြီး ရှင်းလင်းမှုများကို ကောင်းမွန်အောင်ပြုလုပ်နိုင်သည်။ တည်းဖြတ်ရာတွင် သီချင်း၏ စည်းချက်ကျမှုထက် ရုပ်ပုံ၏ ယုတ္တိကျမှုတွင်အခြေခံပါက ပိုကောင်းသည်။ ကွင်းဆင်းသတင်းရယူမှုအတွက် သီချင်းများထည့်သွင်းခြင်းကိုရှောင်သင့်သည်။ မည်သို့ပင်ဆိုစေ သင်ရိုက်ကူးနေသည့်နေရာတွင် သီချင်းရှိပါက ရေဒီယိုမှ၊ သံစုံတီးဝိုင်းမှ၊နှဲမှုတ်နေသူထံမှလာသလား ဟူသည့် သီချင်းထွက်ပေါ်ရာနေရာကို ရိုက်ကူးရန်မမေ့ပါနှင့်။

အသံဖမ်းချက်အတွက် အကြံပေးချက်

  • အသံမဖမ်းမီ ဘက်ထရီများကိုစစ်ဆေးပါ။
  • တေးဂီတပွဲအတွင်း သို့မဟုတ် မိန့်ခွန်းတစ်ခုအတွင်း အသံများကိုဆက်တိုက်ဖမ်းယူနိုင်ရန် ကင်မရာကို မပိတ်ပါနှင့်။
  • တွေ့ဆုံမေးမြန်းမှုကို ကားအတွင်းတွင်ပြုလုပ်သည်ဆိုပါက ပြတင်းပေါက်များကိုပိတ်ထားပြီး ကောင်းမွန်သောအသံဖမ်းမှုရရန်အတွက် နေကာတွင် မိုက်ကိုချိတ်ထားပါ။
  • အသံဖမ်းမှုအပြီးတွင် နားကြပ်ဖြင့် အသံအရည်အသွေးကောင်းမကောင်း စစ်ဆေးပါ။ (အထူးသဖြင့် ကြိုးမဲ့မိုက်ကို အသုံးပြုသည်ဆိုပါက)

အသံဖမ်းသူသည် သဘာဝသံများနှင့် တွေ့ဆုံမေးမြန်းမှုများကို အသံဖမ်းပါသည်။ သူသည် အသံများရှုပ်ထွေးမနေပဲ အရည်အသွေးကောင်းသောအသံကိုရရန်အတွက် နေရာကောင်းကိုရွေးရန် လိုအပ်သည်။ မိုက်ကို ကင်မရာအတွင်းမပါစေရန်အတွက် ခုံရှည်ကို အသုံးပြုကောင်းပြုရန်လိုအပ်သည်။ ကပ်ပါးများရှိပါကလည်း ကင်မရာသမားနှင့် သတင်းထောက်ကို အသိပေးရမည်။ soundmixer တစ်မျိုးမျိုးကို အသုံးပြု၍လည်း  မေးခွန်းနှင့် အဖြေများကို အသံချိန်ညှိနိုင်သည်။

အသံဖမ်းသူမရှိပါက သတင်းထောက်သည် မိုက်ကိုအသုံးပြုနိုင်ရမည်။

  • ကျောဘက်မှ သွယ်ယူထားသောမိုက်သည် ပိုမိုသတိထားရသည်။