Menu

10.၁၀။ ရုပ်ပုံများနှင့်စကားပြောခြင်း။

သတင်းတင်ဆက်သည့်အချိန်တွင် ကင်မရာကိုင် သတင်းသမားသည် သတင်းဖြစ်ပွါးရာ ဝန်းကျင်တွင်တွေ့မြင် သမျှကို သူ၏ ကိုယ်ပိုင်ဟန်ဖြင့်ရိုက်ကူးတင်ဆက်သည်။ ရုပ်ပုံများ၏ ဘာသာဗေဒကို အသုံးပြုပြီး ကင်မရာရွေးချယ်မှု၊ ရှုထောင့်၊ ဖရိမ်၊ အလင်းအမှောင်၊ လှုပ်ရှားမှုနှင့် တည်နေရာ အနေအထားတို့ဖြင့် တင်ဆက်မှုကို အဓိပ္ပါယ်ပြည့်ဝစေသည်။

ရိုက်ချက်များ၏ အဓိပ္ပါယ်

ကင်မရာသမား၏ စတင်ရိုက်ကူးခြင်းနှင့် ရပ်တန့်ခြင်းတို့အကြားတွင် ရိုက်ကူးတင်ဆက်မှုများဖြစ် နေသည်။ တူညီသည့်နေရာတွင် ရိုက်ကူးခြင်း သို့မဟုတ် ဖြစ်စဥ် ဖြစ်ပွါးရာတစ်လျောက်ကို စီးကွင့်ဟုခေါ်သည်။ ရိုက်ချက်ေပါင်းများစွာသည် ကွဲပြားနိုင်သည်။

  • အဝေးရိုက်ချက် သည် အခြေအနေကို ယျေဘုယ အားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။
  • အထူးအဝေးရိုက်ချက် သည် ပါဝင်ပတ်သက်သူဇာတ်ရုပ်များကို ဖော်ပြသည်။
  • အလယ်အလတ်ရိုက်ချက် သည် ဇာတ်ရုပ်များ၏ လှုပ်ရှားမှုကိုပြသည်။
  • အနီးကပ်ရိုက်ချက် သည်တစ်ဦးချင်းစီ သို့မဟုတ် အမျိုးမျိုးသောဇာတ်ရုပ်များ၏ မူရင်း နေရာကိုပြသည်။
  • အနီးကပ်ရိုက်ချက် သည် ရုပ်သံသတင်းတင်ဆက်မှု၏ ဂန္ဓဝင်မြောက်မှုဖြစ်သည်။ အခြားသူများကို၏ သဘာဝကျစွာ လုပ်ရှားသွားလာနေမှုကိုဖော်ပြသည်။
  • အထူးအနီးကပ်ရိုက်ချက် သည် ခန္ဓာကိုယ်၏ အသေးစိတ် သို့မဟုတ် တိကျသော လှုပ်ရှားမှု အတွက်ဖြစ်သည်။
  • ထည့်သွင်းဖော်ပြချက် သည် လှုပ်ရှားမှုရုပ်ပုံများကို ဖော်ပြခြင်းဖြစ်သည်။

ရိုက်ကူးသည့်ပုံစံနှင့် သူတို့၏ အထူးပြုလုပ်ချက်များ

  • အဖွင့်

ဇာတ်ရုပ် သို့မဟုတ် အရာ ဝတ္ထုတစ်ခုခု၊ နက်ရှိုင်းမှုတစ်ခုကို အထူးပြုနိုင်သောအရာသည် ကင်မရာ ဖရိမ်အတွင်းသို့ ဝင်လာသည်။

  • အမြင့်ရှုထောင့်နှင့် အနိမ့်ရှုထောင့် ရိုက်ချက်များ

ကင်မရာ မှန်ဘီလူးသည် အပေါ် သို့မဟုတ် အောက် ကိုချိန်ထားပြီး ကြည့်ရှုသူ သို့မဟုတ် ကြည့်ရှုခံရသူကို လွှမ်းမိုးထားသည်။

  • စီးကွင့် ရိုက်ချက်

ကင်မရာကို မပိတ်ပဲ စီးကွင့်သည်အချိန်ကြာရိုက်ကူးမှုဖြစ်သည်။ ကြားဝင်နှောင့်ယှက်မှုမပါပဲ သတင်းဖြစ်ပွါးသည့် နေရာဝန်းကျင် သို့မဟုတ် ဖြစ်ပွါးနေသည့်အရာများကို ဖော်ပြရန်ရိုက်ကူးခြင်းဖြစ်သည်။

  • လွှမ်းမိုးနိုင်သော ကင်မရာ

ရုပ်ပုံသည် လှုပ်ရှားမှုအတွင်းတစ်စုံတစ်ယောက်ပါဝင်လာသည့် မြင်ကွင်းဖြစ်လာသည်။ ထိုအရာသည် ကြည့်ရှုသူကို လှုပ်ရှားမှုအတွင်းပါဝင်နေသည့်အထင်ရောက်စေသည်။

ကင်မရာလှုပ်ရှားမှုများ

  • အဝိုင်းပုံသဏ္ဌန်ရိုက်ချက်များ

ကင်မရာကို ဝင်ရိုးပေါ်တွင်လှည့်နေစေပြီး ဖြစ်စဥ်ကို ပြသည်၊ ဖြစ်ရပ်၏ တည်နေရာကိုပြသည်။

  • ခြေရာခံရိုက်ချက်များ

ကင်မရာသည် ရိုက်ကူးနေသည့် အရာနောက်တောက်လျှောက်လိုက်သည်၊ များသောအားဖြင့် ဘေးတိုက်အနေအထားဖြင့်ရိုက်ကူးခြင်းဖြစ်သည်။ သတင်းတင်ဆက်မှုတွင် ခြေရာခံရိုက်ချက်များကို ကားပေါ်မှ၊ ရထားပေါ်မှရိုက်ကူးလေ့ရှိသည်။ ထိုရိုက်ချက်များသည် ဖြစ်စဥ်၊ အကြောင်းအရာ သို့မဟုတ် ပြောင်းလဲလာမှုကိုပြသည်။

လှုပ်ရှားမှုနှင့် အလင်းအမှောင်အထူးပြုလုပ်ချက်များ

  • မြင်ကွင်းကို ချုံ့ခြင်း/ချဲ့ခြင်း

အဝေးတွင်ရှိနေသောအရာဝတ္ထုများကို အနီးသို့ဆွဲယူလာသည်။ သတင်းတင်ဆက်မှုတွင် အကောင်းဆုံးချဲ့ယူသည့် နည်းလမ်းမှာ သင်ရိုက်ကူးနေသည့် အရာနှင့် အနီးကပ်ဆုံးနေရာသို့ သွားခြင်းဖြစ်သည်။

  • မှုန်ဝါးမှု/ ရှင်းလင်းမှု

ကင်မရာသမားသည် ရှေ့တွင်ရှိနေသောအရာကို မှုန်ဝါးနေရာမှ ရှင်းလင်းစွာမြင်နိုင်ရန် ပြုလုပ်သည်၊ သို့မဟုတ် ဆန့်ကျင်ဘက်ကို ပြုလုပ်သည်။ ဖြတ်တောက်ထားမှုကို ရှင်းလင်းသိသာစွာ မဖြစ်စေပဲ ပြောင်းလဲနိုင်သည့် အထူးပြုလုပ်ချက်ဖြစ်သည်။

  • အနက်ရောင် သို့ တဖြည်းဖြည်းကူးပြောင်းသွားခြင်း (သို့မဟုတ် အဖြူရောင်)

ဖြတ်တောက်ထားမှုကို ရှင်းလင်းစွာမြင်နိုင်သည်။ ထိုအရာကို တွေ့ဆုံမေးမြန်းမှုနှစ်ခုအကြား တည်းဖြတ်ထားမှုကို ရှင်းလင်းစွာပြသည်။

ဝင်ရိုးပေါ်မှရိုက်ကူးခြင်း

  • သုံးခု ဥပဒေသ

လှုပ်ရှားမှုတစ်ခုကို အနည်းဆုံး ရိုက်ချက် သုံးခုဖြင့် သရုပ်ဖော်သည်။ “ခုန်ကျော်မှုများ” ကိုရှောင်ရန်အတွက် နှင့် ရုပ်ရှင်ဓာတ်ပုံဆိုင်ရာ ခြားနားချက်ရှိစေရန်အတွက် ထိုကွာခြားမှု နှစ်ခုရှိရမည်။

  • ၁၈၀ ဒီဂရီ ဥပဒေသ

ပုံမှန်အားဖြင့် လှုပ်ရှားမှုတစ်ခုသည် နေရာတစ်ခုကိုပိုင်းဖြတ်ထားသည့် မမြင်ရသည့်လမ်းကြောင်းကို ဖြတ်မသွားသင့်ချေ။ ထိုမြင်ကွင်းကိုရိုက်ကူးရာတွင် ကင်မရာသည် ထိုမျဥ်း၏ တစ်ဘက်ဘက်တွင်သာ မနေပါက အဓိပ္ပါယ်မရှိချေ။

  • အသံပိတ်များ

မြင်ကွင်းသည် မည်သည်ကိုပြမည်နှင့် မည်သည်ကိုပြောပြလိုသည်ကို ကိုယ်စားပြုသည်။ ထိုမြင်ကွင်းမှ ဖြစ်ပျက်နေသည့်အရာများကို ချိတ်ဆက်ပေးနိုင်သည်။

အကြံပေးမှု  ၄ ခု 

  • နည်းနိုင်သမျှနည်းနည်းသာ ရွှေ့ပါ၊ ကြည့်ရှုသူကို မြင်ကွင်းပေါ်တွင် တတ်နိုင်သမျှ သဘောပေါက် ပါစေ။
  • သုံးချောင်းထောက်နှင့် တစ်ချောင်းထောက်များနိုင်သမျှအသုံးပါ၊ ရှင်းလင်းသော ရုပ်ပုံများသည် ပရော်ဖက်ရှင်နယ်ဆန်သောကြောင့် ယုံကြည်နိုင်စရာလည်းပိုကောင်းသည်။
  • အသံပိုင်းဆိုင်ရာကို နားကျပ်ဖြင့်စစ်ဆေးပါ၊ ဆူညံသံများသည် နားထောင်မှု နှင့်/ သို့မဟုတ် နားလည်နိုင်မှု ကိုအနှောင့်အယှက်ပေးနိုင်သည်။
  • သတင်းသွားရောက်မယူမီ အရာရာတိုင်း အလုပ်ကောင်းကောင်းလုပ်နေခြင်းရှိမရှိ စစ်ဆေးပါ၊ ဘက်ထရီ၊ စာတန်းထိုး ကတ်များ၊ အလင်းပေးမှု စသည်ဖြင့်။

အယ်ဒီတာအတွက် ရိုက်ချက်ပေါင်းမည်မျှရိုက်ကူးလာရမည်နည်း။

သတင်းတင်ဆက်မှုတစ်ခု = တည်းဖြတ်ပြီးသားရိုက်ချက် ၂၀ ဝန်းကျင် = စုစုပေါင်းရိုက်ချက် ၆၀ ခု (ဤသည်မှာ ၃ ခု မှ ၁ ခု)

အသက်ဝင်သော တည်းဖြတ်မှုအတွက် သင်သည်

  • အဝေးရိုက်ချက် ၆ ခု မှ ၂ ခုကို တည်းဖြတ်ပြီး
  • အနီးကပ်ရိုက်ချက်၂၄ ခု မှ ၈ ခုကို တည်းဖြတ်ပြီး
  • အနီးကပ်ဆွဲယူရိုက်ချက် ၃၀ ခု ၁၀ ခုတည်းဖြတ်ပြီး
  • စက္ကန့် ၃၀ စာ တည်းဖြတ်ပြီးသားရရန်အတွက် ၂ မိနစ်တာ တွေ့ဆုံမေးမြန်းမှု

 ရုပ်ပုံများသည် အောက်ပါမေးခွန်းများကိုဖြေပေးသည်၊ ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်မှာလဲ။

တည်နေရာ၊ ပတ်ဝန်းကျင်အနေအထား၊ ဖြစ်ရပ်ဖြစ်ပွါးနေသည့်နေရာ၊ ဇာတ်ကောင်ရှိသည့်နေရာ၊ တွေဆုံမေးမြန်းမည့်သူများ၊ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများ၏ ဝန်းကျင်။ ရိုက်ကူးမှုပြုလုပ်နေစဥ်အတွင်း သတင်းထောက်နှင့် ကင်မရာသမားသည် ရုပ်ပုံများ နှင့် အသံများဖြင့်ဖြေကြားနိုင်ခြင်းမရှိသည့် မေးခွန်းများကို အဓိပ္ပါယ်ဖွင့်ဆိုပေးသည်။ စကားပြေပြန်ပြောကြားချက်သည် ဘာကြောင့်လဲ၊ ဘယ်လိုလဲ စသည်ဖြင့် ထိုဒြပ်မဲ့ မေးခွန်းများကို ဖြေကြားပေးသည်။