Menu

02.၂။ အရေးဆုံးအချိန်။ ။ သတင်းခန်းအစည်းအဝေးများ

သတင်းခန်းတွင်းတွင် အရေးကြီးဆုံးအချိန် လေးခု ရှိသည်၊ ပထမတစ်ခုမှာ အပတ်စဥ် ယာယီ အစည်းအဝေးဖြစ်သည်။ ထို့နောက် သတင်းခန်းတွင်းရှိ သတင်းသမားများအားလုံးနှင့် မနက်တိုင်း အစည်းအဝေးများကိုပြုလုပ်ခြင်း ဖြစ်သည်။ ထို့နောက် ကော်မတီအဖွဲ့တစ်ခုမှ အသေးစိတ်ဆွေးနွေး စီစဥ်ခြင်းကို ဒုတိယအစည်းအဝေးတွင် ပြုလုပ်သည်။ သတင်းတင်ဆက်မှုများအပြီးတွင် ပါဝင်သူများ အားလုံး အသေးစိတ်ဆွေးနွေးမှုအတွက် တွေ့ဆုံသည်။ သတင်းတင်ဆက်မှုများ၏ အရည်အသွေးနှင့် ဆက်နွှယ်မှုများသည် ဤကဲ့သို့ အစည်းအဝေးများအပေါ်တွင်မူတည်သည်။ 

သတင်းခန်း အစည်းအဝေးများ။ ။ အထောက်အပံ့ပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ခြင်း။

  • ယာယီအစည်းအဝေး။

တစ်ပါတ်လျှင်တစ်ခါပြုလုပ်ပြီး လက်ရှိ သို့မဟုတ် အနာဂါတ်အစီအစဥ်များအတွက် တစ်စုတစ်စည်းတည်း နှင့် မျှော်လင့်ထားသည့်အရာများအတွက်  အစီအစဥ်ချသည်။  တက်ရောက်သည့်သူများမှာ စီစဥ်ညွှန်ကြားသူများ၊ တာဝန်ခံ အယ်ဒီတာများ၊ သတင်းသမားများ (သတင်းရေးသူနှင့် ကင်မရာသမား)၊ လက်ထောက်များ နှင့် သုတေသနပြုသူများဖြစ်သည်။ ပြင်ပမှတောင်းဆိုမှုများကို စစ်ဆေးသည်၊ ရွေးချယ်သည် သို့မဟုတ် ငြင်းပယ်သည်။ ရွေးချယ်ထားသည့်သတင်းများကို သတင်းခန်း၏ အစီအစဥ်များ အတွင်းသို့ ထည့်သွင်းသည်။

  • သတင်းခန်းအစည်းအဝေး။

သတင်းတင်ဆက်မှုများမစတင်မီ ၆ နာရီမှ ၈ နာရီအကြားတွင် တစ်နေ့တာ သတင်းတင်ဆက်မှုကို တည်ဆောက်ရန်အတွက်ပြုလုပ်သည်။ သတင်းခန်းတွင်းရှိ သတင်းသမားအားလုံးနှင့်ပြုလုပ်ခြင်းဖြစ်ပြီး သတင်းဌာန၏ အရွယ်အစား၊ စီမံခန့်ခွဲသူများနှင့် ကျွမ်းကျင် အဖွဲ့များအပေါ်တွင်လည်းမူတည်သည်။ ထို့နောက်လူတိုင်း၏ အမြင်ရှုထောင့်နှင့် စိတ်ကူးများကိုဝေမျှကြသည်။ သတင်းအယ်ဒီတာက အသုံးပြုမည့် သတင်းနှင့် ရှုထောင့်ကိုရွေးချယ်သည်။ အစည်းအဝေးပြုလုပ်နေစဥ်အတွင်း အကြိုသတင်းထုတ်လုပ်မှုသည် ရုပ်လုံးပေါ်လာသည်။ အစည်းအဝေးသည် မိနစ် ၂၀ နှင့် ၄၅ မိနစ်အကြားကြာလေ့ရှိသည်။

  • ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေး။

သတင်းတင်ဆက်မှု မစတင်မီ ၄ နာရီမှ ၂ နာရီအတွင်းပြုလုပ်လေ့ရှိသည်။ စီစဥ်ညွှန်ကြားသူ သို့မဟုတ် သူ၏ လက်ထောက်၊ တည်းဖြတ်သူများနှင့် တင်ဆက်သူများသည်  သတင်းတင်ဆက်မှုအစီအစဥ်ကို အတည်ပြုသည်။ ထိုအရာကို ဆက်လက်လုပ်ဆောင်ရန်ညွှန်ကြားမှုအနေဖြင့် ထုတ်လုပ်ရေးအဖွဲ့က အသုံးပြုသည်။ (ကင်မရာကျွမ်းကျင်အဖွဲ့၊ လက်ထောက်စီစဥ်ညွှန်ကြားသူ၊ အထူးပြုလုပ်ချက်များ ဖန်တီးသူ၊ အသံထုတ်လုပ်သူ၊ တင်ဆက်သူ စသည်ဖြင့်)

  • မေးခွန်းများဖြင့် ဆင်ခြင်သုံးသပ်ခြင်း (သတင်းထုတ်လွှင့်မှုပြီးပြီးချင်း)

သတင်းထုတ်လွှင့်မှုတွင်ပါဝင်သော သတင်းသမားများအားလုံးနှင့် နည်းပညာသမားများအားလုံး၏ အားသာချက်အားနည်းချက်များကို အားလုံးအတူတကွဆွေးနွေးကြခြင်းဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများ၊ ရှုံးနိမ့်မှုများ၊ အောင်မြင်မှုများကို ဆွေးနွေးခြင်းဖြစ်သည်။ ထိုအရာများကို နောက်တစ်နေ့နံနက်အစည်းအဝေးတွင်လည်း ဆွေးနွေးကြသည်။ အသေအချာ ပြန်လည်ခွဲခြမ်းစိတ်ဖြာခြင်း သည် နောင်သတင်းတင်ဆက်မှုများကို ပိုမိုကောင်းလာစေသည်။ (စာ၂၂ ကို ကြည့်ပါ)

  • ကြိုမြင်ထားသောဖြစ်ရပ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း။

သတင်းများသည် ဂရုစိုက်မှုပေါ်တင်သာ မှီခိုနေသည်မဟုတ်ပဲ သင့်အနေဖြင့်ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်သည်။ သတင်းခန်းအစည်းအဝေးများပြီးဆုံးတော့မည့်အချိန်တွင် သတင်းများ စီစဥ်ညွှန်ကြားသူ သို့မဟုတ် သူ၏ လက်ထောက်သည်ပြကဒိန်ကိုကြည့်ရှုပြီး မည်သည့်ဖြစ်ရပ်များ ဖြစ်ေပါ်နိုင်သည်ကို စဥ်းစား စစ်ဆေးနေသင့်သည်။ ထို့နောက်တွင် အုပ်စုတစ်စုဖွဲ့ပြီးခေါင်းစဥ်များကို ဦးနှောက် မုန်တိုင်းထန်ခြင်းနည်းဖြင့်စဥ်းစားသင့်သည်။ ထိုအရာသည် ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပြုလုပ်ရမည့်သတင်း တင်ဆက်မှုမျိုးမဟုတ်ပဲ အရေးကြီးသည့်ဖြစ်ရပ်တစ်ခုဖြစ်ပွါးသည့်အချိန်တွင် မူလဖြစ်ခြင်းနှင့် ကောင်းမွန်သော စိတ်ကူးစိတ်သန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။