Menu

08.၈။ ကောင်းမွန်သော တွေ့ဆုံမေးမြန်းမှုတစ်ခုကိုပြုလုပ်ခြင်း။

တွေ့ဆုံမေးမြန်းမှုသည် သတင်းစာပညာ၏ နှလုံးဖြစ်သည်။ မည်သည့်ကြားခံနယ်ကို အသုံးပြု၍ တင်ဆက်သည်ဖြစ်စေ ဖတ်ရှုသူ၊ နားဆင်သူ သို့မဟုတ် ကြည့်ရှုသူအတွက် သတင်းအချက်အလက်ထုတ်ပေးနိုင်ရမည်။ ဤ Q&R သည် အချိုးညီညီ ဖလှယ်နေရမည်။ တွေ့ဆုံမေးမြန်းမှုကို ဖြေဆုိသူသည် သတင်းအချက်အလက်ကို ယူဆောင်လာပေးသည်။ တွေ့ဆုံမေးမြန်းသူသည် သူ၏ နားထောင်စွမ်းရည်နှင့် စကားပြန်လည်စီစဥ်မှုတွင်ရှင်းလင်းမှုတို့ဖြင့် စကားပြောချိန်ကို ကန့်သတ်နိုင်ခြင်း၊ တိုက်ရိုက်ဆက်နွှယ်မှုရှိပြီး ထည့်သွင်းစဥ်းစားရန်လိုအပ်သည့် မေးခွန်းကိုမေးနိုင်ခြင်း၊ ပြန်လည်မေးမြန်းနိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သူသည် တွေ့ဆုံမေးမြန်းမှုတွင် ဦးဆောင်ပြီး ဖြစ်စဥ်တစ်လျှောက် စည်းချက်ကျကျ ဖြစ်စေရန်အတွက် တာဝန်ရှိသည်။

သတင်းသမားသည် တွေ့ဆုံမေးမြန်းမှု၏တာဝန်ရှိသူဖြစ်ပြီး အကန့်အသတ်များကိုလေးစားမှုရှိရမည်

သူသည်

  • ေဖြဆိုမည့်သူကို စည်းမျဥ်းများပြောပြပေးရမည်။
  • အချိန်အကန့်အသတ်။ ။ ရှိသည့်အချိန်ပမာဏ (တည်းဖြတ်ရန်နှင့် ထုတ်လွှင့်ရန်အတွက်)
  • အပြင်အဆင်။။ တိုက်ရိုက်ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှု သို့မဟုတ် ကြိုတင်တည်းဖြတ်ထားသော တွေ့ဆုံမေးမြန်းမှု
  • မည်သည့်နေရာ တွင်ထုတ်လွှင့်မည်။ ။ သတင်းထုတ်လွှင့်မှု၊ အစီအစဥ်…
  • ဖြေကြားသူကို အကောင်းဆုံးဖြေကြားစေခြင်း
  • ဖြေကြားသူသည် တွေ့ဆုံမေးမြန်းမှုများအကြောင်းနားလည်သိရှိထားသည်။ ထို့ကြောင့် သူမှတ်ထားသော စကားလုံးများကိုသာ ရွတ်ပြသွားလေ့ရှိသည်။ သတင်းသမားသည် ဖြေကြားသူ ပြင်ဆင်လာခဲ့သည့် အဖြေများနှင့်ဆန့်ကျင်ဘက်သတင်းအချက်အလက်များကို တိကျခိုင်မာစွာနှင့် ငြင်းချက်မထုတ်နိုင်အောင် ပြင်ဆင်ထားရမည်။
  • ဖြေကြားသူသည် ရှက်ရွံ့မှု သို့မဟုတ် အံ့အားသင့်မှုမျာရှိနေတတ်သည်။ သတင်းသမားသည် တွေ့ဆုံမေးမြန်းမှုတွင် လွယ်ကူပြီး ရင်းနှီးကျွမ်းဝင်မှုရှိပြီးဖြစ်သည့် အပိတ်မေးခွန်းများ၊ အသက်၊ နေရပ်၊ အမည်နှင့် ဖြစ်နိုင်ပါက ဖြေဆိုသူအသုံးပြုသည့်စကားလုံးအတိုင်း စတင်သင့်သည်။ ေဖြဆိုသူကို သတင်းသမားအနေဖြင့်ကူညီပေးသင့်သည် သို့သော် သူ၏ နေရာတွင် မေးခွန်းများ မည်သည့်အချိန်တွင်မျှမပေးသင့်ပါ။

တွေ့ဆုံမေးမြန်းသည့်နည်းလမ်းများ

  • မေးခွန်းတွင် အဖြေကို တွန်းမပို့ပါနှင့်

မေးခွန်းသည် ခေါင်းစဥ်တစ်ခုနှင့်ဆက်နွှယ်နေသည် ဖြေဆုိသူသည်ထိုအဖြေကိုပေးလိမ့်မည်။ အကယ်၍ သတင်းသမားသည် သူ့အတွက် မေးခွန်းတစ်ခုကိုဖြေပေးလိုက်ပါက ေဖြဆိုသူအတွက်မည်သည့်အဖြေကျန်ပါမည်နည်း။

  • ကြည့်ရှုသူအတွက် အဖြေကို စကားပြေပြန်ခြင်း

အဖြေကို စကားပြေပြန်ဆိုပေးခြင်းသည် နောက်မေးခွန်းတစ်ခုအတွက် အထောက်အပံ့ဖြစ်သည်။ ထိုအရာကို အပြောင်းအလဲအနေဖြင့်အသုံးပြုနိုင်သကဲ့သို့  အလွန်ရှည်လျားသော သို့မဟုတ် ပညာရပ်ဆန်သော အဖြေများရှင်းလင်းသွားစေရန် အကူအညီပေးသည်။ သတင်းသမားသည် ကြည့်ရှုသူကို တွေ့ဆုံမေးမြန်းမှုအတွင်း လွတ်ကျန်မခဲ့စေရန်အတွက် အလွန်ရှင်းလင်းသည့် သတင်းအချက်အလက်ကိုပေးရမည်။

  • မေးခွန်းများအတွက် စကားဦးသန်းခြင်း

စကားဦးသန်းခြင်းဆိုသည်မှာ အပြုသဘောဆောင်သော စကားဖြစ်သည်။ ထိုစကားသည် သတင်းအချက်အလက်ကို ပိုမိုတိကျစွာရရှိစေသည့် မေးခွန်းကိုဖြစ်စေပြီး အထူးသတင်းအချက်အလက်များဖြင့် အဖြေကို ပြည့်ဝနေစေသည်။

ဥပမာအားဖြင့် Bill Clinton နှင့် Le Monde သတင်းစာ တွေ့ဆုံမေးမြန်းမှု။

သတင်းသမား။ ။ “ခင်ဗျားက အသက် ၅၄ နှစ်ပဲရှိသေးတယ်၊ လုပ်ချင်တာဘာမဆိုလည်းလုပ်နိုင်တယ်၊ ဘယ်သူမဆိုထက်ပိုတဲ့ အတွေ့အကြုံနဲ့ အဆက်အသွယ်တွေရှိတယ်၊ ခုတော့ Oval Office ကနေထွက်သွားတော့မယ်။ ဒီတော့ ခင်ဗျားဘာဆက်လုပ်မယ် စိတ်ကူးထားလဲ

  • အဓိက စကားလုံးများကို မေးခွန်းအဆုံးတွင် အသုံးပြုခြင်း။

ဖြေဆိုသူသည် အမေးကို အနှစ်ချုပ်နိုင်သည့် အဓိက စကားလုံးကိုကြားသည်နှင့် အဖြေပေးရန်အဆင်သင့်ဖြစ်ချေပြီ။ သတင်းသမား၏ နောက်ဆက်တွဲဖြည့်စွက်ချက်များသည် မေးခွန်းကို ရှုပ်ထွေးသွားစေပြီး အဖြေပေးရန်ကျန့်ကြာစေသည်။

  • က။ ။ ဘယ်အခန်းကဏ္ဌကနေပါဝင်ခဲ့သလဲ (ဒီလုပ်ဆောင်ချက်မှာ)
  • ခ။ ။ ဒီလုပ်ဆောင်ချက်မှာ ဘယ်အခန်းကဏ္ဌကနေပါဝင်ခဲ့သလဲ။

မေးခွန်းများကို အဓိကစကားလုံးများအဖြစ်ချရေးပါ။

သတင်းသမားသည် သူ၏မေးခွန်းများကို အဓိကစကားလုံးများအဖြစ် စာရွက်သေးတစ်ရွက်ပေါ်တွင် သို့မဟုတ် လက်ဖဝါးပေါ်တွင် ချရေးခြင်းဖြင့် လှမ်းကြည့်ရုံဖြင့်မြင်နိုင်သည်။ ထို့ကြောင့် စာရွက်များလှန်နေသည့် အသံကိုဖမ်းမိနေခြင်းမဖြစ်တော့ပဲ ေဖြဆိုသူကို ကြည့်၍ အဖြေကို အာရုံစိုက်နိုင်သည်။