Menu

04.၄။ အထူးပြုဖော်ပြလိုသော သတင်းများအတွက် သင့်လျော်သည့် ကိုင်တွယ်ဖြေရှင်းမှု။

အကြောင်းအရာတစ်ခုချင်းစီအတွက် တင်ဆက်လိုသည့်ပုံစံကို သတင်း၏လတ်ဆတ်မှု၊ တိကျမှု သို့မဟုတ် မူလဖြစ်မှုတို့ ကို ဖော်ထုတ်ရန် အတွက် ရွေးချယ်ပေးရမည်။ သတင်းစာတစ်ခုအတွက် ရေးသားသည့်ပုံစံအတိုင်း တင်ဆက်လိုသည့် ပုံစံတစ်ခုချင်းစီက ရိုက်ကူးရန်အတွက် စိတ်ကူးနှင့် တည်းဖြတ်ရန်အတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချနိုင်စေရန်အတွက် အကူအညီပေးသည်။ ထိုသို့ပြုလုပ်ခြင်းသည် သတင်းရှုထောင့်နှင့် သတင်းကို ပိုမိုတိကျသေချာစွာ တင်ဆက်နိုင်ရန်အတွက် သတင်းစီမံခန့်ခွဲသူ၏ အစီအစဥ်ကိုလည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်စေသည်။

တိကျသေချာမှု/ မူလပထမဖြစ်မှု

ပုံစံများ

“ဘာလဲ” ဟူသည့်အမေးကို ဖြေကြားပေးနိုင်သည့် သတင်းတင်ဆက်မှုကို အချက်အလက်များ သို့မဟုတ် ဖြစ်ရပ်များဖြင့် ဖောပြခြင်း။

အားကစားသတင်းတင်ဆက်မှု

တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု

အသေးစိတ်သတင်းတင်ဆက်မှု

 

“ဘယ်နေရာလဲ” ဟူသည့်အမေးကို ဖြေကြားတင်ဆက်ခြင်းဖြစ်သည်။ (မည်သည့်နေရာတွင်ဖြစ်ပွါးခြင်းလဲ)

လက်ရှိအနေအထား

လိုက်လံပြသမှု

ရှာဖွေတွေ့ရှိမှု

“မည်သည့်အချိန်တွင်လ”ဟူသည့်မေးခွန်းကို ဖြေကြားခြင်းဖြစ်သည်။ (မည်သည့်နေရာတွင်ဖြစ်ပွါးခြင်းလ)

အချိန်မျဥ်း

နံပတ်အစီအစဥ်

အတိတ်ကာလနှင့် ဆက်နွှယ်မှု

အစီအစဥ် (အကယ်၍ အတိတ်တွင်ြဖစ်ပါက)  သို့မဟုတ် ပြက္ကဒိန် (အနာဂတ်တွင်ဖြစ်ပါက)

“ဘာကြောင့်လဲ” ဟူသည့်အမေးကိုဖြေကြားခြင်းဖြစ်သည်။

ရှာဖွေတွေ့ရှိမှု

တင်ဆက်မှု + ရှင်းလင်းပြောဆိုချက်များ

·       တိုက်ရိုက်သတင်းထုတ်လွှင့်တင်ဆက်မှု

·       သို့မဟုတ် ကော်လံရေးသားသူ

“မည်ကဲ့သို့” ဟူသည့်အမေးကိုဖြေကြားခြင်းဖြစ်သည်။

တွေ့ကြုံခံစားခဲ့ရသူ၏ ပြောပြချက်

(ဖြစ်ရပ်တစ်ခုဖြစ်ပွါးသည့်နေရာမှ ပြောပြခြင်းဖြစ်သည်)

တစ်ဦးတစ်ယောက်၏ ေဖာ်ပြချက်

(သတင်းသမား သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးမှ ပြောပြခြင်းဖြစ်သည်)

လူသိများကျော်ကြားအောင်ပြုလုပ်ခြင်း

(ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် ကျွမ်းကျင်စွာရှင်းလင်းတင်ဆက်နိုင်သည့်သတင်းသမား)

“မည်သူလဲ”ဟူသည့်မေးခွန်းကိုဖြေကြားပေးသည်။

ကိုယ်ရေးအကျဥ်းဖော်ပြချက်

ထိုသူ၏ဓာတ်ပုံ

ကြေငြာချက်

တင်ဆက်မှု

 

ကြည့်ရှုသူသည် ပင်တိုင်ပါဝင်သူဖြစ်သည်၊ ထိုသူတို့အတွက် ရည်ရွယ်တင်ဆက်ခြင်းဖြစ်သည်။

သတင်းအချက်အလက်ဝန်ဆောင်မှု

အကြောင်းအရာကိုရှင်းလင်းတင်ဆက်ခြင်း၊ အထူးပြုဖော်ပြမှု၊ ရှင်းလင်းပြတ်သားမှု

ရှင်းလင်းချက်ရပ်တန့်၍မရနိုင်တဲ့ ရေတံတိုင်းကြီးဟာ လမ်းကြောင်းတစ်လျှောက်မှာရှိသမျှအရာများ အားလုံးကို ဖျက်ဆီးသွားနေပါတယ်၊ ဒါကတော့ ဆူနာမီ ပါပဲ

(လူသိများကျော်ကြားအောင်ပြုလုပ်သကဲ့သို့ပင် ရှင်းလင်းချက်များသည် သင်သိပြီးသားအရာထက် မသိသေးသည့်အရများကိုဖော်ပြနိုင်ပါက အလွန်အသုံးဝင်သည်)

သတင်းခန်း၏ အမည်ဂုဏ်ပုဒ်အတွက် သတင်းသမားသည် တင်ဆက်မှုအတွက် တာဝန်ခံမှုရှိရသည်။

ကော်လံ

အယ်ဒီတာ့အာဘော်

တင်ဆက်ခြင်း