Menu

စာရေးသူများ

  • CFI & ESJ

    24H စီမံကိန်း၏ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု

    ဤစီမံကိန်းကို လူငယ်သတင်းသမားများနှင့် သတင်းစာပညာကျောင်းသားများအား ဝန်ဆောင်မှုမျိုးစုံ ပေးနိုင်ရန်အတွက် CFI နှင့် ESJ တို့မှဖန်တီးခဲ့သည်။

    ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ESJ Lille ၏ သတင်းသမားတဖြစ်လဲ ဒါရိုက်တာ Yves Renard နှင့် CFI မန်နေးဂျင်းဒါရိုက်တာ၏ အထူးအကြံပေး Laurent Allary တို့မှပူးပေါင်းဆောင်ရွက်သည်။

    ဤ Website ကိုတော့ CFI ၏ မီဒီယာ မန်နေဂျာအသစ်ဖြစ်သူ Julien Gueit က La Confiserie နှင့်လက်တွဲဖန်တီးခဲ့သည်။

  • Alain Rollat

    24H in the life of a newspaper newsroom

    Alain ROLLAT သည် ပရောဖက်ရှင်နယ် သတင်းသမားတစ်ယောက်အဖြစ်အလုပ်လုပ်ခဲ့သည်မှာ ၄၉ နှစ် ရှိခဲ့ပြီ။ သူ၏ သတင်းသမားဘဝကို ၁၉၆၃ တွင် Montpellier မြို့ရှိ Daily Midi Libre ထံတွင်စခဲ့သည်။ စာရေးဆရာတစ်ယောက်အဖြစ် Montpellier, Carcassonne, Perpignan နှင့် Paris မြို့တို့တွင်လုပ်ခဲ့ပြီး ၁၉၇၇ တွင်တော့ Le Monde ၏ နိုင်ငံရေးဌာနတွင် အလုပ်စတင်လုပ်ခဲ့ပြီး ပူးတွဲအကြီးအကဲ ဖြစ်လာခဲ့သည်။ ၁၉၉၂ အရောက်မှာတော့ သူကိုယ်တိုင်ဖန်တီးခဲ့သည့်  Le Monde ၏မီဒီယာ ကဏ္ဍတွင် အယ်ဒီတာအဖြစ်တာဝန်ယူလိုက်ခြင်းအားဖြင့် သူသည် ကုမ္ပဏီ၏ ကြီးကြပ်ရေးထဲကို လက်ထောက် စီအီးအိုဖြစ်ဝင်ရောက်လာခဲ့သည်။ ထို့နောက် ၂၀၀၁ ခုနှစ်တွင် Le Monde မှထွက်ခွာပြီး Aveyron ရှိ Daily Centre Presse သို့ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၆ မတ်လတွင်တော့ La Gazetter de Sete ကိုဖန်တီးခဲ့ပြီး လက်ရှိအချိန်မှာတော့ ESJ International တွင် စီမံကိန်းမန်နေဂျာတစ်ဦးအဖြစ် အလုပ်လုပ်နေသည်။ သူသည် စာအုပ်တစ်ဒါဇင်ခန့်ကိုလဲရေးခဲ့သေးသည်။

  • Richard Pernollet

    24H in the life of a radio station

    လက်ရှိ ESJ International နှင့်အခြားသောအဖွဲ့အစည်းများဖြစ်သော Panos Paris Institute, The GRET တို့တွင် စီနီယာ ဂျာနယ်လစ် နှင့် သင်တန်းပို့ချသူအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသော Richard သည် ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံ ၂၅ ခုရှိ မီဒီယာဌာနများသို့ထောက်ပံ့ပေးသည့် စီမံကိန်းပေါင်း ၆၀ကျော် ကိုဦးဆောင်ခဲ့သည်။ (အာဖရိက၊ အာရှ၊ ဥရောပအရှေ့ခြမ်း)

    ၂၀၁၀ မှစ၍ ESJ တွင် Global Media Master အတွက် Thesis tutor တစ်ဦးအဖြစ်တာဝန်ထမ်းဆောင် ခဲ့သည်။ ထို Master သင်တန်းကိုတော့ IAE, the Ecole Universitaire de Management (Lille 2 University) မှလဲ ပူးတွဲဦးဆောင်ပေးခဲ့သည်။

    ESJ တွင်မလုပ်မှီ သူသည် အနှစ် ၂၀ ကျော် Radio France အတွက် သတင်းထောက်အဖြစ်၎င်း၊ France Inter & France Info အတွက် သတင်းကြေငြာသူအဖြစ် ၎င်း၊ ရေဒီဌာနတစ်ခုဖြစ်သော France Bleu တွင် မန်နေဂျာအဖြစ် ၎င်းလုပ်ခဲ့ပြီး အယ်ဒီတာချုပ် ၃ ခါ နှင့် ဒါရိုက်တာ ၂ ခါလုပ်ခဲ့သည်။

    သူသည် ဒါရိုက်တာအဖြစ် ရေဒီယို မှတ်တမ်းများစွာကို ဖန်တီးခဲ့ပြီး  ရုပ်ရှင်မှတ်တမ်းများကိုလဲ ရိုက်ကူးပေးခဲ့သည်။

    24 hours in the life of a radio newsroom ကို ESJ International ၏အကြီးအကဲ Yves Renard နှင့် ESJ Lille ၏ကျောင်းအုပ်ကြီး Pierre Savary တို့၏အကူအညီဖြင့်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သတင်းနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများကိုအသုံးချ၍ ရေဒီယို သတင်းပညာအတွက် အခြေခံကျသော စည်းမျဉ်းစည်းကမ်းများနှင့် နည်းလမ်းများကို ဘာသာပြန်ထားပါသည်။

  • David Servenay

    24H in the life of a news website

    အသက် ၄၁ နှစ်အရွယ်တွင် David သည် မီဒီယာလောကတွင် အင်တာနက်ခေတ်ပြောင်း တော်လှန်ရေး၏ ကနဦးခြေလှမ်းများကို တွေ့မြင်ခဲ့ပြီး ထိုအရာသည် အစ သာရှိသေးကြောင်းကို သိရှိခဲ့သည်။ Grenoble တွင် အတွေးအခေါ်နှင့် နိုင်ငံရေးသိပ္ပံ လေ့လာသင်ယူပြီးနောက် ဒေးဗစ်သည် လိုင်လီ ဂျာနယ်လဇင် ကျောင်းတွင် Master သင်တန်းကို ၂ နှစ်တက်ရောက်ခဲ့သည်။

    ထို့နောက် သူသည် Radio France Internationale (RFI) အတွက် ထုတ်လွှင့်သူအဖြစ်အလုပ်လုပ်ခဲ့သည်။ ၁၉၉၆ မှ ၂၀၀၇ အတွင်းသူသည် ကွင်းဆင်း သတင်းပို့ခြင်းမှစ၍ သတင်းတို သတင်းရှည်များကို တင်ဆက်သူအထိ လုပ်ခဲ့ပြီး ပြင်သစ်-အာဖရိက ဆက်ဆံရေး၊ ရေနံ မသမာမှုများ၊ လက်နက်မှောင်ခို၊ ရဝမ်ဒါ မျိုးတုန်းသတ်ပွဲတွင် ပြင်သစ်၏ ပါဝင်မှုနှင့်ပတ်သတ်သည့် နိုင်ငံရေးသတင်းများ၊ စသည်တို့ကာလကြာရှည် စုံစမ်းခဲ့ပြီး ၂၀၀၇ တွင် Black War အကြောင်းစာအုပ်ထုတ်ဝေခဲ့သည်။ ထိုသို့ပင် သူသည် နိုင်ငံတကာရေဒီယိုလောကတွင် ဂျာနယ်လစ်တစ်ယောက်လုပ်နိုင်သည့် ကဏ္ဍတိုင်းနီးပါးကို လုပ်ခဲ့သည်။

    မေလ၆ ရက်၊ ၂၀၀၇ တွင် နီကိုလက်စ် ဆာကိုဇီ သမ္မတအဖြစ်ရွေးကောက်ခံရချိန်မှစ၍ ဒေးဗစ်နှင့် Daily Liberation မှသတင်းထောက်ဟောင်းများပါဝင်သောအဖွဲ့ငယ်ကလေးသည် ပြင်သစ်ပြည်၏ ပထမဆုံးသော သတင်းသီးသန့်Website ဖြစ်သည့် Rue89.com ကိုတည်ထောင်ခဲ့ပြီး ထိုအချိန်အတွက်တော့ အတွေးအခေါ်ဆန်းသစ်သော ဖန်တီးမှုတစ်ခု ဖြစ်ခဲ့သည်။

    သူတို့သည် ဂျာနယ်လစ်များသာမက ပူးပေါင်းပါဝင်သူ များပြားလှသည့် လူအစု ကိုဖွဲ့စည်းခဲ့သည်။ ဒေးဗစ်သည် စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းစာပညာ (Investigative Journalism) ကိုဦးဆောင်ခဲ့သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဈေးကွက်အကြောင်းကို အဓိကစုံစမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်တော့ “The Hidden Story of the Employers” အမည်ရှိစာအုပ်ကို ရေးသားခဲ့သည်။

  • Didier Desormeaux and Brigitte Besse

    24H in the life of a television

    Didier Desormeaus သည် France Télévisions University ရှိ News and Multi-Media Editions ဌာန၏ အယ်ဒီတာချုပ်နှင့် ဌာနမှူးဖြစ်သည်။ သတင်းနှင့်ဆက်သွယ်ရေးသိပ္ပံတွင် Ph.D ရရှိထားပြီး France-Télévisions ရှိ ဂျာနယ်လစ်များနှင့် အလုပ်အမှုဆောင်များအတွက် အဆင့်မြင့် သင်တန်းများကို ဒီဇိုင်းဆွဲ၊ ဦးဆောင်နေသူဖြစ်သည်။ Canal France International အတွက် အာရှ၊ အာဖရိက နှင့်အရှေ့အလည်ပိုင်းတွင်၎င်း၊ Circom (ဥရောပ ပြည်သူ့ရုပ်မြင်သံကြားဝန်ဆောင်မှု ပညာရှင်အဖွဲ့အစည်း) အတွက် ဥရောပအရှေ့ခြမ်းတွင်၎င်း ရုပ်သံလိုင်းများအတွက် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကိုယူထားသည်။ သူသည် FORTEF (ပြင်သစ်စကားပြော ရေဒီယိုနှင့် ရုပ်သံလိုင်းများအတွက် မန်နေဂျာများကို သင်တန်းပေးသည့်အဖွဲ့အစည်း) ၏ ဥက္ကဌ ဖြစ်ပြီး သတင်းပေးပို့မှုဆိုင်ရာနည်းလမ်းအသစ်များကို (Digital & 3D Camera များကိုအသုံးချ၍) လက်တွေ့စမ်းသပ်နေသည်။

    Brigitte Besse သည် Bordeaus Aquitaine Institute of Journalism (IJBA) ၏ လေ့လာရေး ဒါရိုက်တာဖြစ်ပြီး ရုပ်သံလိုင်းကို တာဝန်ယူထားသည်။ ဘာသာဗေဒနှင့် သင်္ကေတဗေဒ တို့တွင် Ph.D ရရှိထားပြီး Pitching နှင့် Text-picture balance တို့တွင် အထူးကျွမ်းကျင်သည်။ သူသည် TF1, France Télévisions, Radio-France, RTBF (the French-language Belgian broadcasting corporation), RTS (the Swiss broadcasting corporation) and INA (the French audiovisual institute) တို့အတွက် critical viewing sessions များနှင့် ဆွေးနွေးပွဲများအား ဦးဆောင်နေပြီး CFI (သီရိလင်္ကာ၊ ဘင်္ဂလားဒေရှ့် နှင့် ဂါနာ) ၏ ရုပ်သံသတင်းထုတ်လွှင့်မှုအတွက် သင်တန်းပို့ချခြင်း တာဝန်ကိုလည်းထမ်းဆောင် နေသည်။

    Eric Macé နှင့်အတူ ၂၀၀၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော မီဒီယာ စီစစ်သည့် ကိုယ်စားလှယ်လုပ်ငန်းတစ်ခုဖြစ်သော Sémionautes Associés တွင် လူမှုသင်္ကေတဗေဒကို CSA (the French audiovisual regulatory body) နှင့် ဥရောပ MARS ကောင်စီ (Media Against Racism in Sport) တို့အတွက် အထူးသုတေသတ များကို ဦးစီးပြီးလုပ်ဆောင်နေသည်။

    Brigitte Besse နှင့် Didier Désormeaux တို့သည် Construire le reportage télévisé ကိုပူးတွဲရေးသားပြီး ၁၉၉၇ တွင်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာပြန်အဖြစ် Television News Reporting ကို ဥရောပ ပါလီမန်၏ ငွေကြေးထောက်ပံ့မှုဖြင့် ၂၀၀၃ တွင်ထုတ်ဝေခဲ့ပြီး ၂၀၀၄ တွင် ဥရောပ သမ္မဂ၏ အကူအညီဖြင့် ရရှား ဘာသာသို့ပြန်ဆိုခဲ့ပြီး Internews ကဖြန့်ချီပေးခဲ့သည်။ ပြင်သစ်ဘာသာဖြင့် Construire le reportage télévisé-multisupport ကို ၂၀၁၁ တွင် Victories Editions မှ စတုတ္ထအကြိမ်ထုတ်ဝေပေးခဲ့သည်။

    Hervé Brusini, Brigitte Besse နှင့် Didier Désormeaux တို့သည်  Abécédaire de France 3 (ABC of France 3) ကိုပူးပေါင်းရေးသားခဲ့ပြီး ၂၀၀၈ တွင်ထုတ်ဝေခဲ့သည်။