Menu

12.၁၂။ ရုပ်သံအတွက် ရေးသားခြင်း၊ ဂရပ်၊ ခေါင်းကြီးနှင့် အညွှန်းများ။

ကွန်ပြူတာ ဂရပ်ဖစ်ရုပ်ပုံများကို သတင်းထုတ်လွှင့်မှုတွင် ပို၍အသုံးပြုလာကြပြီး ၎င်း၏ ကိုယ်ပိုင်ဟန်လည်းရှိလာပြီဖြစ်သည်။ သတင်းတင်ဆက်နေစဥ်အတွင်း သို့မဟုတ် စီးကွင့်တစ်ခုတင်ဆက်နေစဥ်အတွင်းတွင် သတင်းသမား ပေးလိုသည့် ကိန်းကဏန်းကဲ့သို့သော လေးလံသော သတင်းအချက်အလက်များအတွက် ရုပ်ပုံများဆိုင်ရာအထောက်အပံ့များရှိသည်။ ဖန်သားပြင်ေပါ်တွင် ပြသရန်အတွက် ခေါင်းစည်းနှင့် အညွှန်းများသည် ကြည့်ရှုသူအတွက် နောက်ထပ်သတင်းအချက်အလက်များပေးသည်။ (ဖြေဆိုသူ၏ အမည်၊ အချိန်၊ရက်စွဲ စသည်ဖြင့်) ၎င်းတို့၏ ပုံစံ၊ တိကျမှုနှင့် ရှင်းလင်းမှုတို့က ဖတ်ရှုရန်အတွက် အကူအညီပေးသည်။                             

ကွန်ပြူတာဂရပ်ဖစ်များအတွက် အကြံပြုချက်တချို့

ကွန်ပြူတာနှင့်ထုတ်လုပ်ထားသော ဇယားများ၊ ဂရပ်များနှင့် ရုပ်ပုံများသည် စကားပြေပြန်ခြင်းထက် ပိုမိုသော သတင်းအချက်အလက်ကိုပြောပြနိုင်သည်။ ထိုအနှစ်ချုပ်များသည် သတင်းသမားကို သတင်းအချက်အလက်များ ပိုမိုလျင်မြန်စွာ ပေးရန်အတွက်ကူညီပေးသည်။ လေးစားသင့်သည့် စည်းမျဥ်းတစ်ချို့လည်းရှိသည်။

  • တရားဝင်သတင်းရင်းမြစ်များထံများ ဇယားများကိုပြည့်စုံအောင်ပြုလုပ်ပါ

နဂိုရှိပြီးသား ဇယားများကို အသုံးပြုပါက သတင်းသမားသည် အချက်အလက်များ၏ ရင်းမြစ်ကို စနစ်တကျ ဖော်ပြပေးရမည်၊ မဲဆန္ဒကောက်ယူထားခြင်းဖြစ်ပါက နမူနာနှင့် မှားနိုင်ချေရာခိုင်နှုန်းကို ေဖာ်ပြပေးရမည်။ တရားဝင်ရင်းမြစ်များသည် ခေါင်းစဥ်ကိုလည်း ပြောပြလေ့ရှိသည်။ ဥပမာ၊ ၂၀၁၂ ခုနှစ်အတွင်း မွေးဖွားနှုန်း ပြောင်းလဲလာမှု။ သတင်းသမားသည် သတင်းအချက်အလက်၏ ခေါင်းစဥ်ကို ပြောင်းလဲပေးရမည်၊ ၂၀၁၂ ခုနှစ်အတွင်း ပဲရစ်မြို့၏ မွေးဖွားနှုန်းများအလွန်မြင့်တက်လာ။

  • ရှုပ်ထွေးသည့်အချက်အလက်များကို ရိုးရှင်းအောင်ပြုလုပ်ပါ
    • အချက်အလက်များကို ပြတ်တောက်မှုမရှိပဲ ဇယားတွင်းထည့်ပါ။
    • သတင်းအချက်အလက်များကို ရှင်းလင်းစွာရှုမြင်နိုင်ရန်အတွက် ကွန်ပြူတာဂရပ်ဖစ်များကို အသုံးပြုပါ။
    • ရလဒ်များကို ကြိုတင်၍ထုတ်ပြန်ခြင်းနှင့် ကိန်းကဏန်းများ၏ ဂုဏ်သတ္တိတူလုပ်ဆောင်ချက်များကို အုပ်စုတူဖွဲ့ပါ။

သတင်းအချက်အလက်ပေးနိုင်ပြီး ဖတ်ရန်လွယ်ကူသည့် ခေါင်းစဥ်များ

  • အများဆုံးစာလုံးရေ၊ သုံးကြောင်းနှင့် တစ်ကြောင်းစီအတွက် စာလုံးရေ ၃၀ မှ ၄၀ အထိ။
  • Backspace နှိပ်ရန် မမေ့ပါနှင့်။

Yves MARTIN

la Cité de la Vigne et du Vin အတွက် မန်နေဂျာ

Yves MARTIN

la Cité de la Vigne et du Vin အတွက် မန်နေဂျာချုပ်

  • အတိုကောက်စကားလုံးများကိုရှောင်ပါ

စာဖတ်သူအတွက် ရှည်သော်လည်းရှင်းလင်းစွာနားလည်နိုင်သည့်စကားလုံးများကို ဖတ်ရသည်မှာပိုမို လွယ်ကူပါသည်။

PoliSci -> Political Science

  • အမည်အတိုကောက်များကိုဘာပြန်ပေးပါ

အတိုကောက်စကားလုံးသည်လူသိများပြီးသားဖြစ်ပါက ကွင်းစကွင်းပိတ်ထဲတွင် ဆိုလိုသည့် အဓိပ္ပါယ်ကို ရှင်းပြပါ။ လူသိနည်းသိ အတိုကောက်စကားလုံများကို ကွင်းစကွင်းပိတ်ဖြင့်ဖော်ပြပါ။

  • ဖြေဆိုသူကို မှန်ကန်စွာအညွှန်းထည့်ပါ။
    • အညွှန်းသည် ဖြေဆိုသူ၏ အမည်နှင့် အလုပ်အကိုင်ကိုထည့်ပေးခြင်းဖြင့် ဤ တွေ့ဆုံမေးမြန်းမှုအတွက် အဘယ်ကြောင့်သင့်လျော်မှုရှိသည်ကို ပြောပြနိုင်သည်။
    • တခါတရံ သတင်းသမားသည် ကိုယ်ချင်းစာစိတ်ဖြင့် ဖြေဆိုသူများဖြစ်သည့် အလုပ်လက်မဲ့၊ လူငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံခြားသားများစသူတို့၏ အမည်အပြည့်အစုံကို မေးရန်မေ့လျော့တတ်ကြသည်။ ထိုသို့မပြည့်စုံသော အမည်များသည် တင်ဆက်မှုတွင် မပြည့်စုံသော အညွှန်းများအဖြစ်ပါဝင်လာသည်။

ဥပမာ၊ မနန်း၊ မြန်မာ့အမျိုးသားလေကြောင်းလိုင်းတွင် အလုပ်လုပ်ကိုင်ဖူးသူ။

ဖြေဆိုသူမှ အမည်ထုတ်ေဖာ်လိုခြင်းမရှိသည့်အချိန်မှလွဲ၍ သတင်းသမားသည် သူ၏အမည် အပြည့်အစုံကိုဖော်ပြရမည်။ မည်သို့ပင်ဆိုစေ တင်ဆက်မှုတွင်ပါဝင်သူအားလုံးကို အညွှန်း တပ်ရန်မလိုအပ်ချေ။ ဥပမာ အားဖြင့် vox pops များအတွက်။ (“စိတ်ဆိုးဒေါသထွက်နေသောခရီးသည်” သို့မဟုတ် “နာမကျန်းသော အမယ်အို” စသည့် အညွှန်းများကို ရှောင်ရမည်)

  • ကြည့်ရှုသူမသိနိုင်သည့် ဒေသများ၊ တည်နေရာများအတွက် အညွှန်းတပ်ပေးရမည်

ဥပမာ၊ ဒိုက်ဦးမြို့ (ရန်ကုန်မြို့အလွန်)

  • အချိန်ကိုညွှန်းဆိုရာတွင် ပထမအကြိမ် ထုတ်လွှင့်မှုမှ အမှီအခိုကင်းခြင်း။

အောက်တိုဘာလ ၂၇ ရက်

ယမန်နေ့ နေ့လည်ခင်း

  • သတင်းဖြစ်ပွါးမှုနှင့် ဆက်ဆိုင်မှုမရှိသော ရုပ်ပုံများအားလုံးကို အညွှန်းတပ်ပါ။
    • အကယ်၍သတင်းသမားသည် မှန်ကန်သည့် စာရွက်စာတမ်းများကိုအသုံးပြုပါက အညွှန်းတွင် ထိုရုပ်ပုံများကို မည်သည့်နေရာ မည်သည့်အချိန်တွင်ရိုက်ကူးခဲ့သည်ဟူသော သတင်အချက်အလက် ပေးနိုင်ရမည်။
    • အသုံးပြုမည့်ရုပ်ပုံများ၏ အညွှန်းသည် အိုဟောင်းနေခြင်းရှိမရှိကိုဖော်ပြနေသည်၊ ထိုပုံများကို စနစ်တကျ အသုံးပြုခြင်းမလုပ်ပါနှင့်။

အခြားရုပ်ပုံများ၏ မူလရင်းမြစ်ကို ဖော်ပြပေးရမည်။

  • အပျော်တမ်းရိုက်ကူးမှု
  • ကွန်ပြူတာဖြင့်ဖန်တီးထားသောရုပ်ပုံ
  • သတင်းထုတ်လွှင့်မှုမှရယူထားခြင်း နှင့် ၎င်း၏ အချိန်

ကြည့်ရှုသူရှုပ်ထွေးမှုမဖြစ်စေရန်အတွက် စီးကွင့်တစ်ခုလုံးတွင်အညွှန်းများထိုးပေးရမည်။

ထည့်သွင်းမှုများအားလုံးအတွက်

(ဖန်သားပြင်ပေါ်တွင် ပေးမည့်သတင်းအချက်အလက်များနှင့် ဇာတ်ကောင်များထုတ်လုပ်ခြင်းမှ ရေးသားခြင်း)

  • ဇာတ်ကောင်များအားလုံး၏ အရပ်သည် ဖန်သားပြင်ပေါ်တွင် အနည်းဆုံး ၁/၂၀ ပိုင်းရှိရမည်။
  • သတင်းဖတ်ရာတွင် အထောက်အကူပြုရန်အတွက် တူညီသည့် သတင်းအချက်အလက်များကို စုစည်းထားသင့်သည်။
  • စကားပြေပြန်ပြောဆိုခြင်းသည် စီးကွင့်တစ်လျောက်ပြသသွားမည့် ကွန်ပြူတာ ဂရပ်ဖစ်များမှပြသည့် သတင်းအချက်အလက်၊ ဂရပ်များပြောင်းလဲသွားမှုနှင့် အချိန်ကိုက်ဖြစ်ရမည်ဖြစ်ပြီး ဖန်သားပြင်ေပါ်တွင် အသုံးပြုထားသည့် အဓိကစကားလုံးများနှင့် တူညီမှုရှိရမည်။

ကွန်ပြူတာဂရပ်ဖစ်များသည် ဖန်သားပြင်ပေါ်တွင်ဖတ်ရန်ကြာချိန်နှင့်တိုက်ဆိုင်၍ ရှိနေရမည်။