Menu

16.၁၆။ နောက်ခံစကားပြောကို ရေးသားခြင်း။

ကြည့်ရှုသူအပေါ်တွင် သက်ရောက်မှုရှိစေရန်အတွက် နှင့် သတင်းစကားကို ရှင်းလင်းစွာပေးနိုင်ရန် အဖွင့်နှင့်အဆုံးသတ်သည် အရေးပါသည်။ တင်ဆက်မှုသည် စီးကွင့်တစ်ခုမှ တစ်ခုသို့ သရုပ်ဖော်သွားခြင်း ဖြစ်သည် သို့မဟုတ် အဓိကကျသောရုပ်ကတ်များကို နောက်ခံစကားပြောပေးခြင်းဖြစ်သည်။ နောက်ခံစကားပြောသည် တွေ့ဆုံမေးမြန်းမှုကို မိတ်ဆက်ပေးခြင်း သို့မဟုတ် အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။

တင်ဆက်သူ၏ မိတ်ဆက်စကားကို ဦးစွာရေးပို့ပေးရမည်။

ထိုသို့ပြုလုပ်ခြင်း၏ အကျိုးကျေးဇူး နှစ်ခုရှိသည်။

  • တင်ဆက်သူအနေဖြင့်တင်ဆက်မည့်အကြောင်းအရာကို သိရှိထားပြီး သူ၏ မိတ်ဆက်ကိုပြန်လည် ပြင်ဆင်ရေးသားနိုင်သည်၊ ထို့နောက် တင်ဆက်မှုကို သတင်းထုတ်လွှင့်မှုတစ်ခုလုံးတွင် အသင့်လျော်ဆုံးနေရာပေးနိုင်သည်။
  • တင်ဆက်သူကို အကြောင်းအရာနှင့်ပတ်သက်၍ ပြည့်စုံစွာပေးထားပါက သတင်းထောက်သည် အလွန်ကောင်းသောအဖွင့်စကားဖြင့်စနိုင်သည်။

နောက်ခံစကားပြောအတွက် သတင်းအချက်အလက်ရွေးချယ်ခြင်း

တည်းဖြတ်မှုမပြုလုပ်မီ သတင်းသမားရေးထားသော ဇာတ်ညွှန်းသည် နောက်ခံစကားပြောမဟုတ်ပါ။ ထိုအရာမှာ အစီအစဥ်မကျသေးသော စကားလုံး အကြမ်းကဲ့သို့သော အလွန်မျာသည့် သတင်းအချက်အလက် ဖြစ်သည်။ သတင်းသမားသည် ထိုအရာများကို

  • အစိတ်အပိုင်းတစ်ခုချင်းစီအတွက် အညွှန်း၊ ခေါင်းစဥ်နှင့် မိတ်ဆက်ရာတွင် ပါဝင်ရမည့် အကြောင်းအရာများ။
  • ရုပ်များ၊ အသံများနှင့် တွေ့ဆုံမေးမြန်းမှုများမှဖြေကြားထားပြီးသည်များကို ဖျက်ရန်လိုအပ်သည်။
  • တည်ဆောက်ရန်ကျန်ရှိသည်များကို သိရှိခြင်း၊ တည်းဖြတ်ရာတွင် စည်းချက်ကျမှု၊ ရုပ်သံနှင့် လိုက်ဖက်မှုရှိသောစာသားအဖြစ်ပြုပြင်ရေးသားခြင်း။

စီးကွင့်တစ်ခုချင်းစီအတွက် နောက်ခံစကားပြောများရေးသားခြင်း။

ထုတ်လွှင့်မှုတွင်ပါဝင်သော အသံပိုင်းဆိုင်ရာ စီးကွင့်တစ်ခုချင်းစီအတွက် သတင်းသမားသည် ဖြည့်စွက်ချက်များရေးရမည်။ ထိုဖြည့်စွက်ချက်များ၏ ပုံစံသည် တူညီမှုမရှိပါ။

  • ရှင်းလင်းသော နောက်ခံစကားပြော။ ။ ထိုအရာသည် လေးလံပြီး ရုပ်ကတ်များအတွက် သီးသန့် ဖြစ်သည်။
  • ချိတ်ဆက်ပေးသည့် နောက်ခံစကားပြော။ ။ ထိုအရာသည် ရုပ်ပုံများမှမပြနိုင်သော သတင်းအချက်အလက်များကို အဓိကစီးကွင့်များနှင့် သဘာဝသံများကို အထူးပြုခြင်းဖြင့် ဖော်ပြသည်။ ဒြပ်မဲ့ပုံစံဖြင့်ရှင်းလင်းဖော်ပြမှုကို ပိုမိုစိတ်ဝင်စားနိုင်သော ကြည့်ရှုသူများ၏ အာရုံစိုက်မှုကို ရယူနိုင်သည်။
  • အခြားသော နောက်ခံစကားပြောမှုပုံစံများသည် တွေ့ဆုံမေးမြန်းမှုအစိတ်အပိုင်းများကို ပို၍နားလည်စေရန် သို့မဟုတ် တွေ့ဆုံမေးမြန်းမှုတွင်ပါဝင်သော အကြောင်းအရာများကို အထူးပြုရန်အတွက် မိတ်ဆက်ခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးသားပြောဆိုခြင်းဖြစ်သည်။

သတင်းတင်ဆက်မှုကောင်းတစ်ခုအတွက် အရေးပါသည့်အရာများ။ ။ လုံလောက်သည့်သတင်းအချက်အလက်ပေးနိုင်သည့် အဖွင့်နှင့် မှတ်မှတ်ရရဖြစ်စေမည့်အပိတ်။ နောက်ခံစကားပြောကိုရေးသားပြီးသည့်အချိန်တွင် သတင်းသမားသည် အဖွင့်နှင့် အဆုံးသတ်ကို လွယ်လွယ်ကူကူနားလည်စေရန်အတွက်နှင့် အဓိပ္ပါယ်ရှိစေရန်အတွက် အကြောင်းအရာကို အနှစ်ချုပ်ခြင်းနှင့် သတင်း၏ ရည်ရွယ်ချက်ကို ထိထိမေးမေးပေးရန်အတွက် ပြန်လည်အလုပ်လုပ်ရသည်။

သင်၏ အရေးအသားကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း။

နောက်ခံစကားပြောသည် တခါတရံအလွန်ရှည်လျားပြီး သတင်းသမားမှလည်း အလွန်လျင်မြန်စွ ပြောရန်ကြိုးစားတတ်သည်။ အကြောင်းအရာကို ရိုးရှင်းသွားအောင်ပြုလုပ်ခြင်းမရှိပဲ နောက်ခံစကားပြောကို ပေါ့ပါးသွားအောင်ပြုလုပ်နိုင်သည်။

  • အသုံးမဝင်သည့် စကားလုံးများကို ဖယ်ထုတ်ခြင်းဖြင့် အဓိကစကားလုံးများကို အထူးပြုပြောပါ။
  • ရုပ်ကတ်များမှပေးနေသည့် တူညီသည့်သတင်းစကားများကို ထပ်ကာပြောခြင်း သို့မဟုတ် ကပ်ပါးကဲ့သို့ပြုမူသည့်အရာများကိုရှောင်ကျဥ်ပါ။
  • တင်ဆက်သူ၏ မိတ်ဆက်စကား သို့မဟုတ် တွေ့ဆုံမေးမြန်းမှု၏ အစိတ်အပိုင်းများတွင်ပါဝင်ပြီး သည့်စကားလုံးများကိုရှောင်ပါ။
  • ထူးခြားပြီး မူလဖြစ်သည့် အကိုးအကားများဖြင့် အဓိပ္ပါယ်ရှိသည့်စကားလုံးများကို ရွေးချယ်ပြီး တင်ဆက်မှုတစ်ခုလုံးကိုအနှစ်ချုပ်ပါ။
  • Halo သက်ရောက်မှုမဖြစ်စေရန်အတွက် ရှုပ်ထွေးသော၊ရှင်းလင်းထားခြင်းမရှိသော စကားလုံးများသည် နောက်ခံစကားပြောတစ်ခုလုံးအပေါ်တွင် ကပ်ပါးကဲ့သို့ သက်ရောက်မှုရှိနိုင်ကြောင်း သတိပြုပါ။