Menu

19.၁၉။ ထုတ်လွှင့်မှု

သတင်းတင်ဆက်မှုသည် သတင်းအဖွဲ့၏ နောက်ဆုံးအပြီးသတ်မျဥ်းဖြစ်သည်။ သတင်းခန်း၏ သတင်းဆိုင်ရာမျဥ်းကို ပြပြီး သတင်းစီစဥ်ညွှန်ကြားသူနှင့် သူ၏ အဖွဲ့မှ အဓိပ္ပါယ်ဖွင့်ဆိုပေးသည်။ သတင်းစီးဆင်းမှု၊ ထုတ်လွှင့်မှုတွင် ကြည့်ရှုသူရရှိရန်နည်းလမ်းများသည် စည်းချက်မှန်လာသည်၊ ရှင်းလင်းလာသည်၊ စွဲဆောင်မှုရှိလာသည်။ ပညာရပ်ပိုင်းဆိုင်ရာနှင့် သတင်းအဖွဲ့သည် ထိုလိုအပ်ချက်များကို ဝေမျှရမည်။

တင်ဆက်သူသည် သတင်းထုတ်လွှင့်မှုအတွင်းစဥ်ဆက်မပြတ်စေရန်၊ အစိတ်အပိုင်းများအားလုံးနှင့် ထုတ်လုပ်မှုများ ချိတ်ဆက်ရာတွင် သေချာအောင်ပြုလုပ်ရသည်။ သူသည်ချိတ်ဆက်မှုများကို ရေးသားပြီး ထုတ်လုပ်မှုများအတွက် နောက်ခံအကြောင်းအရာကိုထည့်ပေါင်းရသည်၊ ထုတ်လွှင့်မှုတစ်ခုလုံးကို မိတ်ဆက်ခြင်းများနှင့် နိဂုံးချုပ်ခြင်းများပြုလုပ်ရသည်။

သူ၏ အသံနေအသံထားနှင့် လက်ဟန် ခြေဟန်တို့ဖြင့် တင်ဆက်သူက သတင်းကိုစိတ်ဝင်စားဖွယ်တင်ဆက် ရသည် သို့မဟုတ် ထိုအကြောင်းအရာများ ပေါ့ပါးစွာထွက်ပေါ်လာအောင် အတွေ့အကြုံများနှင့် ယှဥ်ကာပြောပြရသည်။ သူသည် ရိုက်ကူးရေးနေရာတွင် ရောက်ရှိနေသော ဧည့်သည်များကိုနှုတ်ဆက် ရသည်။ ထိုသူများသည် သတင်းထုတ်လွှင့်မှုအတွက်ဖြစ်စေ၊ အထူးအစိတ်အပိုင်းတွက်ဖြစ်စေ ထိုပြင်ပမှဖြစ်စေ နှုတ်ဆက်ရသည်။

နည်းပညာပိုင်ဆိုင်ရာ စီစဥ်ညွှန်ကြားသူသည် အသေးစိတ်အစီအစဥ်ကို နောက်ဆုံးအနေဖြင့် ကြည့်ရှုစစ်ဆေးသည်။ ထုတ်လုပ်မှုတစ်ခုချင်းစီ တည်ဆောက်ထားမှု၊ ပြီးမြောက်မှုတို့ကို အာရုံစိုက်ပြီး အကြောင်းအရာနှင့် ပါဝင်သည့်ပုံစံ၊ အညွှန်းများမှန်ကန်မှုရှိမရှိကို စစ်ဆေးသည်။ သူသည် ထုတ်လွှင့်မှု မလုပ်မီ ထုတ်လုပ်မှု၏ အရည်အသွေးကို စစ်ဆေးသည်။

ဇာတ်ညွှန်းရေးသားသူသည် ထုတ်လုပ်မှုတစ်ခုချင်းစီအတွက် ခွင့်ပြုထားသောအချိန်ကိုစစ်ဆေးပြီး အဆုံးသတ်စကားလုံးကို ချရေးပြီး မှန်ကန်စွာတွက်ချက်ထားမှုရှိမရှိစစ်ဆေးသည်။ မကြာခဏဆိုသလို သူသည် ဖန်သားပြင်ေပါ်တွင် ပါဝင်လာမည့်သူများ၏ အခြေခံအချက်ကိုလည်း ချရေးထားလေ့ရှိသည်။ (အမည်၊ အသက် စသည်ဖြင့်)

စီစဥ်ညွှန်ကြားသူသည် ထုတ်လွှင့်မှုကို အဆင်ပြေချောမွေ့စွာပြုလုပ်စေရန်အတွက်သေချာစေသည်။ သူသည် အသေးစိတ်အစီအစဥ်များကို ကြည့်ရှုပြီး ကင်မရာနှင့် ထုတ်လုပ်မှုအကြားဆက်နွှယ်မှုကို သေချာစေသည်။

အသံပိုင်းဆိုင်ရာမန်နေဂျာသည် ရိုက်ကူးရေးနေရာနှင့် ထုတ်လုပ်မှုများချိတ်ဆက်ထားရာတွင် အသံပိုင်းဆိုင်ရာ ကြည်လင်မှုရှိအောင်ပြုလုပ်သည်။

အထူးပြုလုပ်ချက်များ ပြုလုပ်သူသည် အထူးပြုလုပ်ချက်များပြုလုပ်သည်။ သူသည် ဂရပ်ဖစ် အပြင်အဆင်များ သို့မဟုတ် ရုပ်ရှင်ပညာရပ်အတွင်း ပါဝင်သည့် အမြင်ပိုင်းဆိုင်ရာ ပါဝင်သည့် အစိတ်အပိုင်းများကို ထုတ်လွှင့်ရန်အတွက် ဂရပ်ဖစ်ဒီဇိုင်နာများနှင့်အလုပ်လုပ်သည်။