- ရိုက်ကူးနေသည့်နေရာ၏ အခြေအနေကို ကောင်းမွန်စွာသိရှိထားပါ။ ထိုနေရာသည် အများပြည်သူနှင့် ဆိုင်သည့်နေရာ သို့မဟုတ် တစ်ဦးတစ်ယောက်ပိုင်နေရာလား ဆုိသည်ကို စစ်ဆေးပါ။
- သင်ဆက်သွယ်ထားသည့်သူများ၏ စိတ်ဆန္ဒကို ဆန့်ကျင်၍ ရိုက်ကူးခြင်းကို မည်သည့်အချိန်တွင်မျှ အပြုလုပ်ပါနှင့်။ စိတ်ရှည်ပြီး ရိုက်ချက်ကောင်းတစ်ခုရရန်အတွက် ယုံကြည်မှုရှိပါ။
- လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးခြင်းကို အခြားနည်းလမ်းများလုံးဝမရှိတော့သည့် အချိန်တွင်မှပြုလုပ်ပါ။ အကယ်၍ တစ်စုံတစ်ယောက်က သတင်းသမားကို တရားစွဲဆိုလျှင် သူတွင် အားလုံးကို အသိပေးရန်နှင့် ထိုအခြေအနေသည် တစ်ဦးတစ်ယောက်၏ အခွင့်အရေးထက် အများပြည်သူနှင့်ဆိုင်သည့်အရာဖြစ်ကြောင်းသက်သေပြပါ။
- သင်၏ သတင်းရင်းမြစ်ကို မည်သည့်အချိန်တွင်မျှငွေကြေးတစ်စုံတစ်ရာမပေးပါနှင့်၊ မသက်သာသည့် အခြေအနေတွင်လည်း သတင်းထုတ်လုပ်မှုတန်ဖိုးထက်အလွန်နည်းသော ပမာဏသာပေးပါ။ ထိုအခြေအနေတွင် ရိုးရှင်းပြီး စျေးမကြီးသောလက်ဆောင်သာပေးပါ၊ သေးငယ်သော အာရုံစိုက်ပေးမှုသည် သင်၏ သတင်းစာပညာရပ်ပေါ်တွင် အမှီအခိုကင်းမှုကို မထိခိုက်နိုင်ပါ။
- ထုတ်လွှင့်ခြင်းမပြုမီ သို့မဟုတ် အမည်မဖော်လိုကြောင်းပြောပါက သတင်းရင်းမြစ်ကို လိမ်ညာ၍ တင်ဆက်ခြင်း မည်သည့်အချိန်တွင်မျှမပြုလုပ်ပါနှင့်။
သတင်းသမားသည် ငွေကြေး သို့မဟုတ် မည်သည့်အကျိုးခံစားခွင့်မျိုးကိုမှ သူ၏ သတင်းရင်းမြစ် သို့မဟုတ် သတင်းတွင်ပါဝင်သူများထံမှ လက်ခံခြင်းမပြုရပါ။
အပျော်တမ်းသမားများ၏ ရိုက်ချက်လား
ငလျင် သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုများကဲ့သို့သော စိတ်ခြောက်ခြားဖွယ် ဖြစ်ရပ်အခြေအနေများတွင် ထိုအခြေအနေကို ဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်ကူးမိလိုက်သူများကို ရှာဖွေပါ။ သတိပြုရန်- မည်သည့်နေရာမှ ထိုရိုက်ကူးမှုကိုရသလဲ၊ ပေးသည့်သူနှင့်လည်း အဆက်သွယ်မပြတ်စေရန်နေပါ။ အကယ်၍ ထိုရိုက်ကူးမှုသည် အမှန်တကယ်ဖြစ်ပွါးခဲ့ခြင်းမဟုတ်သည့်အရာဖြစ်ပါက သင်သည် စစ်ဆေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် တာဝန်ခံမှုရှိရမည်။