သတင်းခန်း အစည်းအဝေးများ။ ။ အထောက်အပံ့ပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ခြင်း။
- ယာယီအစည်းအဝေး။
တစ်ပါတ်လျှင်တစ်ခါပြုလုပ်ပြီး လက်ရှိ သို့မဟုတ် အနာဂါတ်အစီအစဥ်များအတွက် တစ်စုတစ်စည်းတည်း နှင့် မျှော်လင့်ထားသည့်အရာများအတွက် အစီအစဥ်ချသည်။ တက်ရောက်သည့်သူများမှာ စီစဥ်ညွှန်ကြားသူများ၊ တာဝန်ခံ အယ်ဒီတာများ၊ သတင်းသမားများ (သတင်းရေးသူနှင့် ကင်မရာသမား)၊ လက်ထောက်များ နှင့် သုတေသနပြုသူများဖြစ်သည်။ ပြင်ပမှတောင်းဆိုမှုများကို စစ်ဆေးသည်၊ ရွေးချယ်သည် သို့မဟုတ် ငြင်းပယ်သည်။ ရွေးချယ်ထားသည့်သတင်းများကို သတင်းခန်း၏ အစီအစဥ်များ အတွင်းသို့ ထည့်သွင်းသည်။
- သတင်းခန်းအစည်းအဝေး။
သတင်းတင်ဆက်မှုများမစတင်မီ ၆ နာရီမှ ၈ နာရီအကြားတွင် တစ်နေ့တာ သတင်းတင်ဆက်မှုကို တည်ဆောက်ရန်အတွက်ပြုလုပ်သည်။ သတင်းခန်းတွင်းရှိ သတင်းသမားအားလုံးနှင့်ပြုလုပ်ခြင်းဖြစ်ပြီး သတင်းဌာန၏ အရွယ်အစား၊ စီမံခန့်ခွဲသူများနှင့် ကျွမ်းကျင် အဖွဲ့များအပေါ်တွင်လည်းမူတည်သည်။ ထို့နောက်လူတိုင်း၏ အမြင်ရှုထောင့်နှင့် စိတ်ကူးများကိုဝေမျှကြသည်။ သတင်းအယ်ဒီတာက အသုံးပြုမည့် သတင်းနှင့် ရှုထောင့်ကိုရွေးချယ်သည်။ အစည်းအဝေးပြုလုပ်နေစဥ်အတွင်း အကြိုသတင်းထုတ်လုပ်မှုသည် ရုပ်လုံးပေါ်လာသည်။ အစည်းအဝေးသည် မိနစ် ၂၀ နှင့် ၄၅ မိနစ်အကြားကြာလေ့ရှိသည်။
- ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေး။
သတင်းတင်ဆက်မှု မစတင်မီ ၄ နာရီမှ ၂ နာရီအတွင်းပြုလုပ်လေ့ရှိသည်။ စီစဥ်ညွှန်ကြားသူ သို့မဟုတ် သူ၏ လက်ထောက်၊ တည်းဖြတ်သူများနှင့် တင်ဆက်သူများသည် သတင်းတင်ဆက်မှုအစီအစဥ်ကို အတည်ပြုသည်။ ထိုအရာကို ဆက်လက်လုပ်ဆောင်ရန်ညွှန်ကြားမှုအနေဖြင့် ထုတ်လုပ်ရေးအဖွဲ့က အသုံးပြုသည်။ (ကင်မရာကျွမ်းကျင်အဖွဲ့၊ လက်ထောက်စီစဥ်ညွှန်ကြားသူ၊ အထူးပြုလုပ်ချက်များ ဖန်တီးသူ၊ အသံထုတ်လုပ်သူ၊ တင်ဆက်သူ စသည်ဖြင့်)
- မေးခွန်းများဖြင့် ဆင်ခြင်သုံးသပ်ခြင်း (သတင်းထုတ်လွှင့်မှုပြီးပြီးချင်း)
သတင်းထုတ်လွှင့်မှုတွင်ပါဝင်သော သတင်းသမားများအားလုံးနှင့် နည်းပညာသမားများအားလုံး၏ အားသာချက်အားနည်းချက်များကို အားလုံးအတူတကွဆွေးနွေးကြခြင်းဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများ၊ ရှုံးနိမ့်မှုများ၊ အောင်မြင်မှုများကို ဆွေးနွေးခြင်းဖြစ်သည်။ ထိုအရာများကို နောက်တစ်နေ့နံနက်အစည်းအဝေးတွင်လည်း ဆွေးနွေးကြသည်။ အသေအချာ ပြန်လည်ခွဲခြမ်းစိတ်ဖြာခြင်း သည် နောင်သတင်းတင်ဆက်မှုများကို ပိုမိုကောင်းလာစေသည်။ (စာ၂၂ ကို ကြည့်ပါ)
- ကြိုမြင်ထားသောဖြစ်ရပ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း။
သတင်းများသည် ဂရုစိုက်မှုပေါ်တင်သာ မှီခိုနေသည်မဟုတ်ပဲ သင့်အနေဖြင့်ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်သည်။ သတင်းခန်းအစည်းအဝေးများပြီးဆုံးတော့မည့်အချိန်တွင် သတင်းများ စီစဥ်ညွှန်ကြားသူ သို့မဟုတ် သူ၏ လက်ထောက်သည်ပြကဒိန်ကိုကြည့်ရှုပြီး မည်သည့်ဖြစ်ရပ်များ ဖြစ်ေပါ်နိုင်သည်ကို စဥ်းစား စစ်ဆေးနေသင့်သည်။ ထို့နောက်တွင် အုပ်စုတစ်စုဖွဲ့ပြီးခေါင်းစဥ်များကို ဦးနှောက် မုန်တိုင်းထန်ခြင်းနည်းဖြင့်စဥ်းစားသင့်သည်။ ထိုအရာသည် ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပြုလုပ်ရမည့်သတင်း တင်ဆက်မှုမျိုးမဟုတ်ပဲ အရေးကြီးသည့်ဖြစ်ရပ်တစ်ခုဖြစ်ပွါးသည့်အချိန်တွင် မူလဖြစ်ခြင်းနှင့် ကောင်းမွန်သော စိတ်ကူးစိတ်သန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။