သတင်းရင်းမြစ်များနှင့် ဆက်သွယ်မှုကို ရယူခြင်း။
- လိပ်စာ စာအုပ်တစ်အုပ် မှန်ကန်စွာထားရှိခြင်း
သင်၏ လိပ်စာစာအုပ်နှင့် သင်၏ ပုဂ္ဂလ ဆက်သွယ်ရန်လိပ်စာအမျိုးမျိုးသည် သတင်းသမားတစ်ယောက် အနေဖြင့် လုံလောက်မှုနှင့် ယုံကြည်စိတ်ချနိုင်မှု အပေါ်အထောက်အပံ့ပေးသည်။
- “အလားအလာရှိသော အရင်းအမြစ်များ” ကို စာရင်းတစ်ခုအနေဖြင့်ပြုစုထားခြင်း။
ဤကဲ့သို့သော စာရင်းမျိုးကို သတင်းခန်းတွင်းရှိသူများနှင့်ပါဝေမျှထားလေ့ရှိသည်။ ဤနည်းသည် သတင်းတင်ဆက်မှုတိုင်းအတွက် သင့်လျော်မှုအရှိဆုံး တွေ့ဆုံမေးမြန်းခံမည့်သူ၊ မှန်ကန်မှုအရှိဆုံး ပညာရှင်များ ရွေးချယ်ရာတွင် အထောက်အကူပြုသည်။ ထိုစာရင်းကို ပုံမှန် ပြောင်းလဲမြှင့်တင်ပေးခြင်းအားဖြင့် သတင်းခန်းအနေဖြင့် တူညီသော ရင်းမြစ်များကို အမြဲဆက်သွယ်နေခြင်းမျိုးမဖြစ်အောင်ကူညီပေးသည်။
- အရာရှိအရာခံများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း။
အရေးပါသော အဖွဲ့အစည်းအမျိုးမျိုး၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အားကစားအသင်းအဖွဲ့များ စသည်တို့သည် အမြဲတစေ ပြန်ကြားဆက်သွယ်မှုပြုနေကြသည်။ ထိုကဲ့သို့ တရားဝင် သတင်းရင်းမြစ်များအတွက် ထင်မြင်ချက်များဖြင့်သာ သတင်းတင်ဆက်မှုများ ပြုလုပ်နေမည့်အစား သတင်းသမားအနေဖြင့် သတင်းပေးနိုင်သူများ ရှာဖွေခြင်းနှင့် မဟာဗျူဟာကျသော ဆုံးဖြတ်ချက်များကို လေ့လာရန် ရင်းမြစ်များ၏ တိုက်ရိုက် သတင်းထုတ်ပြန်ချက်များဖတ်ရှုခြင်းတို့ကို ပြုလုပ်ရမည်။
- ရဲဌာန နှင့် မီးသတ်ဌာနများကို ဆက်သွယ်ခြင်း။
သတင်းသမားတစ်ယောက်အတွက် လက်ရှိဖြစ်ပေါ်နေသော အကြောင်းကိစ္စများနှင့် ဆန္ဒပြမှုများကို လုံလုံလောက်လောက်နှင့် အလျင်မြန်ဆုံးသိရှိနိုင်ပြီး နေ့စဥ်ပြုလုပ်ရနိုင်သည့် နည်းလမ်းဖြစ်သည်။
- သတင်းစာများတွင်ပါဝင်လာသည့် သတင်းရင်းမြစ်သစ်များကို သတိပြုခြင်း။
ဤသတင်းရင်းမြစ်များသည် သင့်ကို လမ်းကြောင်းသစ်များ ယူဆောင်လာပေးနိုင်သည် သို့သော် သင့်အနေဖြင့် စနစ်တကျ အသုံးပြုရန်မဖြစ်နိုင်ချေ။
- အခြေခံသတင်းများကိုအသုံးပြုမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စွာ သတင်းပေးခြင်း။
ဤသည်မှာ ဒေသတွင်း၊ နိုင်ငံတွင်း သို့မဟုတ် နိုင်ငံတကာ ဖြစ်ရပ်များနှင့်အစဥ်မပြတ်ထိတွေ့မှုရှိနေစေရန် နှင့် သင်၏သတင်းခန်းတွင်းတွင် အသုံးပြုရန်အကောင်းဆုံးနည်းလမ်းများရှာဖွေနိုင်ရန်အတွက် အခြေခံအကျဆုံး အရာများထဲမှ တစ်ခုဖြစ်သည်။
- Websites များနှင့် လူမှုကွန်ယက်များမှတဆင့် သတင်းများကိုစောင့်ကြည့်ခြင်း။