တင်ဆက်သူ၏ မိတ်ဆက် (သိုမဟုတ် ခေါင်းကြီး) တင်ဆက်မှုအတွင်းတွင် spotlight ထည့်ခြင်း
သူ၏ မိတ်ဆက်ကိုရေးရန်အတွက် တင်ဆက်သူသည် သတင်းထောက်များပေးသည့် သတင်း အချက်အလက်များကို အသုံးပြုသည် ထို့နောက် သူ့တွင် တင်ဆက်မှုတစ်ခုလုံးကိုကြည့်ရန်အတွက် အချိန်ရှိသည်။ ဆိုလိုရင်းမှာ
- ထုတ်လုပ်မှုကို နောက်ခံအကြောင်းအရာတွင်းသို့ထည့်ရန်အတွက် (သမိုင်းကြောင်းနှင့်ဆိုင်သော၊ ပထဝီအနေအထားနှင့်ဆိုင်သော)
- ထိုထုတ်လုပ်မှုကို မည်ကဲ့သို့ ပြုလုပ်ထားသည်ဟူသည့် သတင်းအချက်အလက်။ ။ သတင်းစာ ရှင်းလင်းပွဲ၊ ဖြစ်ရပ်၊ နှစ်ပတ်လည် သို့မဟုတ် အမှတ်တရနေ့ရက်များ၊ ပြက္ကဒိန်ပေါ်အခြေခံသော သက်ရောက်မှု
- ရှုထောင့်နှင့် သက်ရောက်မှုကို အထူးပြုခြင်း။ ။ အထူးဖြစ်မှု၊ မူလဖြစ်မှု၊ အချိန်ကိုက်မှု၊ နောက်ဆက်တွဲ
အဆုံးသတ် ပြောပြချက်ဖြင့် နောက်ဆက်တွဲသတင်းအချက်အလက် ထည့်ပေါင်းခြင်း။
ထုတ်လွှင့်မှုအပြီးတွင် တင်ဆက်သူသည် ထုတ်လုပ်မှုကို ရိုက်ကူးတင်ဆက်နေသည့်နေရာမှ အောက်ပါပြောပြချက်များထည့်ပေါင်းနိုင်သည်။
- လက်တွေ့ကျသော သတင်းအချက်အလက်များထည့်ပေါင်းခြင်း။ ။ ဖုန်းနံပတ်၊ တည်နေရာ လမ်းညွှန်၊ အချိန်
- ဤသတင်းနှင့်ပတ်သက်၍ မည်သည့်နောက်ဆက်တွဲ သတင်းတင်ဆက်မှုကို သတင်းခန်းမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေငြာခြင်း။
- အစိတ်အပိုင်းတတစ်ခုကို အဆုံးသတ်ပေးမည့် tag ကိုအမှတ်အသားပြုလုပ်ခြင်း။
သတင်းတင်ဆက်မှု၏အစတွင် ထိပ်တန်းသတင်းများဖြင့်ဖွင့်ခြင်း။
ရုပ်သံသတင်းထုတ်လွှင့်မှုတွင် ထိပ်တန်းရသတင်းများ သို့မဟုတ် အညွှန်းထိုးထားသောရုပ်ပုံနှင့် တင်ဆက်သူ၏ နောက်ခံစကားပြောများသည် သတင်းထုတ်လုပ်မှုတစ်ခုတွင် ၃ခု သို့မဟုတ် ၄ခု ပါဝင်သည်။
- ပထဦးဆုံးတင်ဆက်သည်ထိပ်တန်းသတင်းသည် အရေးပါမှု အစီစဥ်ကို ညွှန်းဆိုသည်။
- ထုတ်လွှင့်မှုပြီးသည်အထိ ကြည့်ရှုသူ၏ စိတ်ဝင်စားမှုကို ဖမ်းယူထားနိုင်ရန်အတွက် ထိပ်တန်းရသတင်းများကို ပြောပြရာတွင် ထုတ်လုပ်မှု၏ အဆုံးသတ်တွင် မည်သည့်အကြောင်းအရာကို တင်ဆက်မည်ကို ကြေငြာသည်။ (အနုပညာ သို့မဟုတ် အားကစား)
- ကြည့်ရှုသူ၏ အာရုံစိုက်မှုကိုရရှိရန်အတွက် သတင်းထုတ်လုပ်မှုတွင် ကြေငြာထားခြင်းမရှိသော အကြောင်းကိုလည်းတင်ဆက်နိုင်သည်၊ ထိုအရာမှာ “ယနေ့အတွက် အချက်အလက်” ကဲ့သို့သော “အတုအယောင် အဖွင့်” ဖြစ်သည် သို့မဟုတ် ကြားဖြတ်သတင်း ဖြစ်သည်။
- တင်ဆက်မှုကို ထိပ်တန်းရ သတင်းခေါင်းစဥ်များဖြင့်ပိတ်နိုင်သည်။
ထိပ်တန်းသတင်းတစ်ပုဒ်ကို စာကြောင်း နှစ်ကြောင်း သို့မဟုတ် သုံးကြောင်းဖြင့်တည်ဆောက်ထားပြီး သတင်းနှင့် အဆက်မပြတ်ပဲ ထုတ်လုပ်မှုတစ်ခုလုံးကိုသယ်ဆောင်သွားနိုင်သည်။
တင်ဆက်သူသည် အကြောင်းအရာပေါ်တွင် သစ္စာရှိရသော်လည်း စွဲဆောင်နိုင်သော စကားစုများကို ထပ်ကာ ထပ်ကာပြောခြင်းကို ရှောင်ရမည်။
ခေါင်းကြီး။ ။ အရက်သေစာသောက်စားမှုကြောင့်ဖြစ်ပွါးသည့် ယာဥ်တိုက်မှုအရေအတွက်။ ၁၉၉၈ ခုနှစ်တွင် လူပေါင်း ၈၅၀၀ နီးပါးသေဆုံးခဲ့ရ။ ၁၀နှစ်တာအတွင်းအဆိုးဆုံး။
ခေါင်းစဥ်။ ။ မူးပြီးမောင်းခြင်း၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကားမောင်းခြင်း။
အဖွင့်။ ။ “မြန်မာနိုင်ငံတွင် အရက်သေစာသောက်စားပြီး ယာဥ်မောင်းမှုကြောင့် နေ့စဥ် လူ၂၃ ဦးသေဆုံး နေရသည်။ အစိုးရပိုင်းတာဝန်ရှိသူများကလည်း ထိုကဲ့သို့သေဆုံးမှုများမြင့်တက်လာမှုကို အာဏာပိုင်များမှ လည်းစိုးရိမ်နေကြပြီး အရင်နှစ်များထက် ၅.၆ ရာခိုင်နှုန်းထိမြင့်တက်လာနေသည်။ သေဆုံးမှုတွင် အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းလူငယ်လူရွယ်များအများဆုံးဖြစ်သည်။ ယာဥ်တိုက်မှုကြောင့်သေဆုံးမှုသည် သေဆုံးမှုများထဲတွင် အမြင့်ဆုံးဖြစ်သည်။ သေဆုံးသွားစေနိုင်သည့် စက္ကန့်အနည်းငယ်တွင်းတွင် လူငယ်အမြောက်အများ၏ အနာဂတ်များပျက်ဆီးသွားသည်။”
နောက်ခံစကားပြော။ ။ “မောင်မျိုးသူ၏ ဘဝသည် မတ်လ ၁၅ ရက်နေ့တွင် ပြောင်းပြန်လန်သွားခဲ့သည်။ ထိုနေ့တွင် သူသည် တိုက်ပြီးထွက်ပြေးသူများ၏ သားကောင်ဖြစ်ခဲ့ရသည်။…”