ရိုက်ချက်များ၏ အဓိပ္ပါယ်
ကင်မရာသမား၏ စတင်ရိုက်ကူးခြင်းနှင့် ရပ်တန့်ခြင်းတို့အကြားတွင် ရိုက်ကူးတင်ဆက်မှုများဖြစ် နေသည်။ တူညီသည့်နေရာတွင် ရိုက်ကူးခြင်း သို့မဟုတ် ဖြစ်စဥ် ဖြစ်ပွါးရာတစ်လျောက်ကို စီးကွင့်ဟုခေါ်သည်။ ရိုက်ချက်ေပါင်းများစွာသည် ကွဲပြားနိုင်သည်။
- အဝေးရိုက်ချက် သည် အခြေအနေကို ယျေဘုယ အားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။
- အထူးအဝေးရိုက်ချက် သည် ပါဝင်ပတ်သက်သူဇာတ်ရုပ်များကို ဖော်ပြသည်။
- အလယ်အလတ်ရိုက်ချက် သည် ဇာတ်ရုပ်များ၏ လှုပ်ရှားမှုကိုပြသည်။
- အနီးကပ်ရိုက်ချက် သည်တစ်ဦးချင်းစီ သို့မဟုတ် အမျိုးမျိုးသောဇာတ်ရုပ်များ၏ မူရင်း နေရာကိုပြသည်။
- အနီးကပ်ရိုက်ချက် သည် ရုပ်သံသတင်းတင်ဆက်မှု၏ ဂန္ဓဝင်မြောက်မှုဖြစ်သည်။ အခြားသူများကို၏ သဘာဝကျစွာ လုပ်ရှားသွားလာနေမှုကိုဖော်ပြသည်။
- အထူးအနီးကပ်ရိုက်ချက် သည် ခန္ဓာကိုယ်၏ အသေးစိတ် သို့မဟုတ် တိကျသော လှုပ်ရှားမှု အတွက်ဖြစ်သည်။
- ထည့်သွင်းဖော်ပြချက် သည် လှုပ်ရှားမှုရုပ်ပုံများကို ဖော်ပြခြင်းဖြစ်သည်။
ရိုက်ကူးသည့်ပုံစံနှင့် သူတို့၏ အထူးပြုလုပ်ချက်များ
- အဖွင့်
ဇာတ်ရုပ် သို့မဟုတ် အရာ ဝတ္ထုတစ်ခုခု၊ နက်ရှိုင်းမှုတစ်ခုကို အထူးပြုနိုင်သောအရာသည် ကင်မရာ ဖရိမ်အတွင်းသို့ ဝင်လာသည်။
- အမြင့်ရှုထောင့်နှင့် အနိမ့်ရှုထောင့် ရိုက်ချက်များ
ကင်မရာ မှန်ဘီလူးသည် အပေါ် သို့မဟုတ် အောက် ကိုချိန်ထားပြီး ကြည့်ရှုသူ သို့မဟုတ် ကြည့်ရှုခံရသူကို လွှမ်းမိုးထားသည်။
- စီးကွင့် ရိုက်ချက်
ကင်မရာကို မပိတ်ပဲ စီးကွင့်သည်အချိန်ကြာရိုက်ကူးမှုဖြစ်သည်။ ကြားဝင်နှောင့်ယှက်မှုမပါပဲ သတင်းဖြစ်ပွါးသည့် နေရာဝန်းကျင် သို့မဟုတ် ဖြစ်ပွါးနေသည့်အရာများကို ဖော်ပြရန်ရိုက်ကူးခြင်းဖြစ်သည်။
- လွှမ်းမိုးနိုင်သော ကင်မရာ
ရုပ်ပုံသည် လှုပ်ရှားမှုအတွင်းတစ်စုံတစ်ယောက်ပါဝင်လာသည့် မြင်ကွင်းဖြစ်လာသည်။ ထိုအရာသည် ကြည့်ရှုသူကို လှုပ်ရှားမှုအတွင်းပါဝင်နေသည့်အထင်ရောက်စေသည်။
ကင်မရာလှုပ်ရှားမှုများ
- အဝိုင်းပုံသဏ္ဌန်ရိုက်ချက်များ
ကင်မရာကို ဝင်ရိုးပေါ်တွင်လှည့်နေစေပြီး ဖြစ်စဥ်ကို ပြသည်၊ ဖြစ်ရပ်၏ တည်နေရာကိုပြသည်။
- ခြေရာခံရိုက်ချက်များ
ကင်မရာသည် ရိုက်ကူးနေသည့် အရာနောက်တောက်လျှောက်လိုက်သည်၊ များသောအားဖြင့် ဘေးတိုက်အနေအထားဖြင့်ရိုက်ကူးခြင်းဖြစ်သည်။ သတင်းတင်ဆက်မှုတွင် ခြေရာခံရိုက်ချက်များကို ကားပေါ်မှ၊ ရထားပေါ်မှရိုက်ကူးလေ့ရှိသည်။ ထိုရိုက်ချက်များသည် ဖြစ်စဥ်၊ အကြောင်းအရာ သို့မဟုတ် ပြောင်းလဲလာမှုကိုပြသည်။
လှုပ်ရှားမှုနှင့် အလင်းအမှောင်အထူးပြုလုပ်ချက်များ
- မြင်ကွင်းကို ချုံ့ခြင်း/ချဲ့ခြင်း
အဝေးတွင်ရှိနေသောအရာဝတ္ထုများကို အနီးသို့ဆွဲယူလာသည်။ သတင်းတင်ဆက်မှုတွင် အကောင်းဆုံးချဲ့ယူသည့် နည်းလမ်းမှာ သင်ရိုက်ကူးနေသည့် အရာနှင့် အနီးကပ်ဆုံးနေရာသို့ သွားခြင်းဖြစ်သည်။
- မှုန်ဝါးမှု/ ရှင်းလင်းမှု
ကင်မရာသမားသည် ရှေ့တွင်ရှိနေသောအရာကို မှုန်ဝါးနေရာမှ ရှင်းလင်းစွာမြင်နိုင်ရန် ပြုလုပ်သည်၊ သို့မဟုတ် ဆန့်ကျင်ဘက်ကို ပြုလုပ်သည်။ ဖြတ်တောက်ထားမှုကို ရှင်းလင်းသိသာစွာ မဖြစ်စေပဲ ပြောင်းလဲနိုင်သည့် အထူးပြုလုပ်ချက်ဖြစ်သည်။
- အနက်ရောင် သို့ တဖြည်းဖြည်းကူးပြောင်းသွားခြင်း (သို့မဟုတ် အဖြူရောင်)
ဖြတ်တောက်ထားမှုကို ရှင်းလင်းစွာမြင်နိုင်သည်။ ထိုအရာကို တွေ့ဆုံမေးမြန်းမှုနှစ်ခုအကြား တည်းဖြတ်ထားမှုကို ရှင်းလင်းစွာပြသည်။
ဝင်ရိုးပေါ်မှရိုက်ကူးခြင်း
- သုံးခု ဥပဒေသ
လှုပ်ရှားမှုတစ်ခုကို အနည်းဆုံး ရိုက်ချက် သုံးခုဖြင့် သရုပ်ဖော်သည်။ “ခုန်ကျော်မှုများ” ကိုရှောင်ရန်အတွက် နှင့် ရုပ်ရှင်ဓာတ်ပုံဆိုင်ရာ ခြားနားချက်ရှိစေရန်အတွက် ထိုကွာခြားမှု နှစ်ခုရှိရမည်။
- ၁၈၀ ဒီဂရီ ဥပဒေသ
ပုံမှန်အားဖြင့် လှုပ်ရှားမှုတစ်ခုသည် နေရာတစ်ခုကိုပိုင်းဖြတ်ထားသည့် မမြင်ရသည့်လမ်းကြောင်းကို ဖြတ်မသွားသင့်ချေ။ ထိုမြင်ကွင်းကိုရိုက်ကူးရာတွင် ကင်မရာသည် ထိုမျဥ်း၏ တစ်ဘက်ဘက်တွင်သာ မနေပါက အဓိပ္ပါယ်မရှိချေ။
- အသံပိတ်များ
မြင်ကွင်းသည် မည်သည်ကိုပြမည်နှင့် မည်သည်ကိုပြောပြလိုသည်ကို ကိုယ်စားပြုသည်။ ထိုမြင်ကွင်းမှ ဖြစ်ပျက်နေသည့်အရာများကို ချိတ်ဆက်ပေးနိုင်သည်။
အကြံပေးမှု ၄ ခု
- နည်းနိုင်သမျှနည်းနည်းသာ ရွှေ့ပါ၊ ကြည့်ရှုသူကို မြင်ကွင်းပေါ်တွင် တတ်နိုင်သမျှ သဘောပေါက် ပါစေ။
- သုံးချောင်းထောက်နှင့် တစ်ချောင်းထောက်များနိုင်သမျှအသုံးပါ၊ ရှင်းလင်းသော ရုပ်ပုံများသည် ပရော်ဖက်ရှင်နယ်ဆန်သောကြောင့် ယုံကြည်နိုင်စရာလည်းပိုကောင်းသည်။
- အသံပိုင်းဆိုင်ရာကို နားကျပ်ဖြင့်စစ်ဆေးပါ၊ ဆူညံသံများသည် နားထောင်မှု နှင့်/ သို့မဟုတ် နားလည်နိုင်မှု ကိုအနှောင့်အယှက်ပေးနိုင်သည်။
- သတင်းသွားရောက်မယူမီ အရာရာတိုင်း အလုပ်ကောင်းကောင်းလုပ်နေခြင်းရှိမရှိ စစ်ဆေးပါ၊ ဘက်ထရီ၊ စာတန်းထိုး ကတ်များ၊ အလင်းပေးမှု စသည်ဖြင့်။
အယ်ဒီတာအတွက် ရိုက်ချက်ပေါင်းမည်မျှရိုက်ကူးလာရမည်နည်း။
သတင်းတင်ဆက်မှုတစ်ခု = တည်းဖြတ်ပြီးသားရိုက်ချက် ၂၀ ဝန်းကျင် = စုစုပေါင်းရိုက်ချက် ၆၀ ခု (ဤသည်မှာ ၃ ခု မှ ၁ ခု)
အသက်ဝင်သော တည်းဖြတ်မှုအတွက် သင်သည်
- အဝေးရိုက်ချက် ၆ ခု မှ ၂ ခုကို တည်းဖြတ်ပြီး
- အနီးကပ်ရိုက်ချက်၂၄ ခု မှ ၈ ခုကို တည်းဖြတ်ပြီး
- အနီးကပ်ဆွဲယူရိုက်ချက် ၃၀ ခု ၁၀ ခုတည်းဖြတ်ပြီး
- စက္ကန့် ၃၀ စာ တည်းဖြတ်ပြီးသားရရန်အတွက် ၂ မိနစ်တာ တွေ့ဆုံမေးမြန်းမှု
ရုပ်ပုံများသည် အောက်ပါမေးခွန်းများကိုဖြေပေးသည်၊ ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်မှာလဲ။
တည်နေရာ၊ ပတ်ဝန်းကျင်အနေအထား၊ ဖြစ်ရပ်ဖြစ်ပွါးနေသည့်နေရာ၊ ဇာတ်ကောင်ရှိသည့်နေရာ၊ တွေဆုံမေးမြန်းမည့်သူများ၊ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများ၏ ဝန်းကျင်။ ရိုက်ကူးမှုပြုလုပ်နေစဥ်အတွင်း သတင်းထောက်နှင့် ကင်မရာသမားသည် ရုပ်ပုံများ နှင့် အသံများဖြင့်ဖြေကြားနိုင်ခြင်းမရှိသည့် မေးခွန်းများကို အဓိပ္ပါယ်ဖွင့်ဆိုပေးသည်။ စကားပြေပြန်ပြောကြားချက်သည် ဘာကြောင့်လဲ၊ ဘယ်လိုလဲ စသည်ဖြင့် ထိုဒြပ်မဲ့ မေးခွန်းများကို ဖြေကြားပေးသည်။