Menu

13.၁၃။ သင်၏သတင်းတိုများကို တည်ဆောက်ခြင်း။

ရှေ့အခန်း ၅။ သတင်းရင်းမြစ်များနှင့် အချက်အလက်စစ်ဆေးခြင်းတွင် ရရှိလာသော သတင်းများကို မည်ကဲ့သို့ရွေးချယ်ရမည်ကို ပြောပြခဲ့ပြီးဖြစ်သည်။ ဤတွင် တင်ဆက်သူ၏ အဖွင့်မိတ်ဆက်နှင့် အနှစ်ချုပ်များ အားလုံးရေးသားပြီး တင်ဆက်သည့်အခါတွင် မည်သည့်အရာများထင်ဟပ်နေရမည်ကို သိရှိရန်အတွက် အကြံပေးချက်ဖြစ်သည်။ သင်သတိပြုမိသည့်အတိုင် ယခုချိန်ထိ ခေါင်းကြီးများအကြောင်းကို မပြောရသေးပါ၊ ခေါင်းကြီးကို နောက်ဆုံးအဆင့်တွင်သာရေးသားရသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

သတင်းကိုတင်ဆက်သူမည်ကဲ့သို ့တင်ဆက်မည်ဟူသည့် အဆင့်ဆင့်ကို တည်ဆောက်မှုက အဓိပ္ပါယ်ဖွင့်ဆိုသည်။ အရေးပါသည့်သတင်းများကိုဦးစွာတင်ဆက်ခြင်းဖြင့် သတင်းများကို တိကျသည့် အစီအစဥ်တွင် ထည့်ထားပေးသည်။ ထိုအရာသည် ယုတ္တိကျပြီး အဖွဲ့အစည်းနှင့် လုပ်ဆောင်ရသည့်အလုပ်ဖြစ်သည်။ ထိုအရာသည် နားဆင်သည်ကို ထုတ်လွှင့်မှုတစ်လျှောက် ကောင်းမွန်စွာနားလည်သဘောပေါက်စေသည်။

သတင်းတိုကို မည်ကဲ့သို့တည်ဆောက်မည်နည်း။

ဤတွင် နည်းလမ်းအချို့ရှိသည်။ အတွေ့အကြုံဖြင့်ယှဥ်၍ တင်ဆက်သူသည် သူနှင့် သင့်လျော်မှုအရှိဆုံးကို ရွေးချယ်တတ်လာသည်။ အောက်ပါ ရွေးချယ်မှုစံနှုန်းများဖြင့် သတင်းတစ်ခုချင်းစီကို လွယ်ကူစွာရွေးချယ်နိုင်သည်။

၁။ သတင်းအချက်အလက်၏ လတ်ဆတ်မှု

မကြာသေးမီကဖြစ်ပွါသောသတင်းသည် အလတ်ဆတ်ဆုံးဖြစ်သည်။ ဘာကြောင့်လဲ။ အဘယ်ကြောင့်ဆိုသော် သတင်းအစီအစဥ်များသည် တစ်နေ့တာအတွက်သတင်းဖြစ်သည်၊ ထိုနေ့တွင်ဖြစ်ပွါးသည့်သတင်းအကြောင်းအရာများဖြစ်သည်။ ထိုအရာသည် သတင်းနှင့် နီးကပ်နိုင်သမျှနီးကပ်ပြီး သတင်းဖြစ်ပွါးသည့်အချိန်နှင့် နားဆင်သူများသင်၏သတင်းအစီအစဥ်ကို ကြားနိုင်သည့်အချိန် အကြားကွာဟချိန်ကိုနည်းနိုင်သမျှနည်းအောင်ချုံ့ခြင်းဖြစ်သည်။ နားဆင်သူသည် ယမန်နေ့က သို့မဟုတ် အရင်တစ်ပတ်က သတင်းများကို စိတ်ဝင်စားသည် မဟုတ်ပဲ ယနေ့ဖြစ်ပွါးသည့် သတင်းကိုစိတ်ဝင်စားသည်။ ဒုတိယအကြောင်းပြချက်မှာ သတင်းအချက်အလက်၏ လတ်ဆတ်မှုသည် ထိုအကြောင်းအရာပေါ်တွင် စံနှုန်းသတ်မှတ်ချက်များ ထားရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ သတင်း၏ အစီအစဥ်ကို အခြားမည်သည့် အကြောင်းအရာများ မှားယွင်းသွားခြင်းမရှိပဲ သို့မဟုတ် သင့်ကိုယ်သင် ဝေဖန်ခံရမည့် အခြေအနေတွင်းသို့ တွန်းမပို့ပဲ ပြန်လည်စီစဥ်နိုင်သည်။

၂။ နားဆင်သူများ၏ စိတ်ဝင်စားမှုနှင့် မည်မျှကိုက်ညီမှုရှိသနည်း။

သင်သည် နားဆင်သူများနှင် သူတို့စိတ်ဝင်စားသည့်အကြောင့်အရာများသိရှိရန်လိုအပ်သည်။ သူတို့သည် သင်ပြောပြနေသူများဖြစ်သည်။ ဥပမာအားဖြင့် အခွန်ဆောင်ခြင်းကဲ့သို့သောအရာများ သည် သူတို့ဘဝတွင်အရေးပါသည်။ ထိုကဲ့သို့ သတင်းမျိုးသည် လူတိုင်းနှင့်သင့်လျော်မှုရှိသည်။

၃။ သတင်းက မည်မျှအရေးသလဲ။

သတင်း၏ အရေးပါမှုမြင့်လေလေ သတင်းအစီအစဥ်၏ ထိပ်ဆုံးတွင်ပါဝင်သင့်လေလေဖြစ်သည်။ သတင်း၏အရေးပါမှုကို လွယ်ကူစွာသိရှိနိုင်ရန်အတွက် ဌာန၏ သတင်းဆိုင်ရာမျဥ်းနှင့် သင်၏ အယ်ဒီတာချုပ်ကို အကြံပေးစစ်ဆေးစေနိုင်သည်။

ဦးဆောင်သတင်း

ဤရွေးချယ်မှုစံနှုန်းများဖြင့် သတင်းများကို ကြည့်ရှုစစ်ဆေးခြင်းသည် ရွေးချယ်မှုများပြုလုပ်ရန် အတွက်ကူညီပေးသည်။ သင်၏သတင်းအစီစဥ်ကို စတင်မည့်သတင်းသည် ဦးဆောင်သတင်း ဖြစ်သည်။ ထိုသတင်းကိုရွေးချယ်ပြီးသည်နှင့် နောက်ထပ် သတင်းအစီစဥ်များကို မတူညီသည့် အခန်းတွင် စီစဥ်ရန်လိုအပ်သည်။ ဆိုကြပါစို့ သင်၏သတင်းအစီအစဥ်သည် နိုင်ငံရေးဖြင့် စသည်။ ထို့ကြောင့်သင့်သတင်းအစီအစဥ်တွင်ပါဝင်သော အခြားအကြောင်းအရာများသည်လည်း နိုင်ငံရေးသတင်းဖြစ်ရမည်။ အကယ်၍သင်သည် စီးပွါးရေးသတင်းသည် နောက်တွင်ပါလာရမည် ဟုထင်ပါက နောက်ထပ်သတင်းအကြောင်းအရာများကို စီးပွါးရေးနှင့်သက်ဆိုင်သည်များထည့်ပါ။ သင်၏ သတင်းအစီအစဥ်ကို ပြီးမြောက်အောင် တည်ဆောက်ပြီးသည့်အချိန်အထိ ဤသို့အပြောင်းလဲမှုများကိုပြုလုပ်ပါ။

By continuing to use this site, you agree to the use of cookies or similar technologies to gauge audience usage and to offer you social networking features, related content and customised advertising.

OK, I understand