Menu

17.၁၇။ နောက်ဆုံးရသတင်းတင်ဆက်မှု

နောက်ဆုံရသတင်းတင်ဆက်မှုသည် နောက်ဆုံးရသတင်းများကို အလျင်မြန်ဆုံးတင်ဆက်ခြင်း ဖြစ်သည်။ တခါတရံ အဓိကအကြောင်းအရာများဖြစ်ပွါးနေသည့်အချိန်တွင် နာရီအနည်းငယ်ခြား တစ်ခါ သတင်းအချက်အလက်အသစ်များ ဖြစ်နေသည်။ နောက်ဆုံးရသတင်းတင်ဆက်မှုသည် နားဆင်သူကို နောက်ဆုံးရအပြောင်းအလဲများပြောပြပေးသည်။ ထိုအရာသည် သတင်းများကို ပြည့်ပြည့်စုံစုံတင်ဆက်ခြင်း မဟုတ်သော်လည်း သတင်းအချက်အလက်များကို ထုတ်ဖော်ပေးသည်။ ထိုအရာသည် သတင်းအစီအစဥ်အသေးတစ်ခုဖြစ်ပြီး အတုံ့ချုံ့သတင်းများသာ ဖြစ်သည်။ ခေါင်းကြီးများလည်းတပ်ထားခြင်းမရှိချေ။ (၁၂ ကိုကြည့်ပါ – သတင်းအနှစ်ချုပ်)            

အဓိပ္ပါယ်ဖွင့်ဆိုချက်

နောက်ဆုံးရသတင်းထုတ်လွှင့်မှုသည် သတင်းအစီအစဥ်များ ပြောပြခြင်းကဲ့သို့ပင် နာဆင်သူကို နောက်ဆုံးရသတင်းများကို သိရှိစေသည်။ သို့သော်လည်း နောက်ဆုံးရသတင်းနှင့် သတင်းအစီအစဥ်အကြားတွင် ကွာခြားချက်အချို့ရှိသည်။

ကြာချိန်

နောက်ဆုံးရသတင်းထုတ်လုပ်မှု၏ ထူးခြားမှုမှာ အလွန်တိုတောင်းခြင်းဖြစ်သည်။ ရေဒီယို သတင်းဌာနများသည် သူတို့၏ နားဆင်သူများကို “စက္ကန့် ၉၀ ဖြင့်ကမ္ဘာပတ်နိုင်စေသည်”။ နောက်ဆုံးရသတင်းထုတ်လွှင့်မှုသည် တစ်မိနစ်မှ သုံးမိနစ်ထိကြာလေ့ရှိသည်။

အကြိမ်အရေအတွက်

ရေဒီယိုသတင်းထုတ်လွှင့်မှုများသည် နောက်ဆုံးရသတင်းများကို တစ်နာရီတစ်ခါထုတ်လွှင့်ပေး လေ့ရှိသည်။ ၂၄နာရီ ရေဒီယိုသတင်းခန်းများသည် နာရီဝက်တစ်ခါထုတ်လွှင့်ပြီး ခေါင်းကြီး သတင်းများကို ဆယ့်ငါးမိနစ်တစ်ခါတင်ဆက်သည်။ ထိုအရာသည် ဌာန၏ ငွေကြေးဆိုင်ရာ ရင်းမြစ်များပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် တစ်နေကုန် ကွန်ပြူတာမျက်နှာပြင်ကိုကြည့်ကာ နောက်ဆုံးရသတင်းများရယူခြင်းနှင့် ကွင်းဆင်းသတင်းယူနေသော သတင်းထောက်များနှင့် အဆက်သွယ်မပြတ်ရှိနေခြင်းတို့ကို ပြုလုပ်ရန်အတွက် သတင်းသမားနှစ်ယောက်ထက်မနည်းလိုအပ်သည်။

တည်ဆောက်ပုံ

နောက်ဆုံးရသတင်းသည် သတင်းအနှစ်ချုပ်တွင်းတွင်ပါဝင်သည်။ သတင်းအနှစ်ချုပ်၏ ကြာချိန်အပေါ်တွင်သာ မူတည်၍ နောက်ဆုံးရသတင်းတင်ဆက်မှု ၏ စည်းချက်ကို တင်ဆက်သူ လွတ်လပ်စွာလုပ်ဆောင်နိုင်သည်။ အချို့သတင်းများကို ငါးစက္ကန့်အတွင်းပြီးအောင်ပြောနိုင် သော်လည်း အချို့သတင်းများသည် ချွင်းချက်အနေဖြင့် စက္ကန့် ၂၀ ထက်ပို၍ အချိန်ပေးရသည်။ နောက်ဆုံးရသတင်းတိုများထုတ်လွှင့်မှုတွင် တင်ဆက်သူသည် အကြောင်းအရာ ၆ ခုနှင့် ၁၀ခုအကြား တင်ဆက်နိုင်သည်။

သတင်းပိုင်းဆိုင်ရာ ပါဝင်သည့်အကြောင်းအရာ

နောက်ဆုံးရသတင်းများသည် တိုသောကြောင့် သတင်းများ၏ အရှိန်ကိုမြှင့်တင်ပေးသည်။ အဓိက သတင်းများသာ နောက်ဆုံးရသတင်းထဲတွင်ပါဝင်သည်။ သင်သည် လိုရင်းကိုသာပြောရမည်။ ဤအချိန်သည် သတင်းကို အသေးစိတ်တင်ဆက်ရန် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာရန် အချိန်မဟုတ်ပါ။

  • အချက်အလက်သည် ပထမဖြစ်သည်။ နောက်ဆုံးရ သတင်းများ၏ ဘာဖြစ်နေသလဲ ဟူသည့်အခြေအနေကို ပြောခြင်းဖြစ်သည်။ ထိုအရာကသာ နောက်ဆုံးရသတင်းကို ဦးဆောင်စေသည်။
  • ၉နာရီ ၄၅ မိနစ်တွင်ရသောသတင်းသည် ၁၀ နာရီသတင်းတွင်ပါရမည်။
  • ထိုသတင်းသည် နေ့လည်ခင်းသတင်းအစီအစဥ်တွင်ပါဝင်ရန်မလိုအပ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းသည် ထိပ်တန်းမဟုတ်တော့သောကြောင့်ဖြစ်သည်။

အဓိကသတင်းများကြေငြားပြီးနောက် နောက်ဆုံးရသတင်းတင်ဆက်မှုတွင်လည်း

  • နေ့လည်ခင်းအချိန်တွင် သို့မဟုတ် ညနေခင်းသတင်းထုတ်လွှင့်မှုအစီအစဥ်တွင် တင်ဆက်သွားမည့် သတင်းကိုလည်းကြေငြာနုိင်သည်။ (ထိုအရာသည် သတင်းခန်း၏ အများနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပြခြင်းဖြစ်သည်)
  • လက်တွေ့ကျသည့်သတင်းအချက်အလက်များပေးပါ။ ယဥ်ကြောပိတ်ဆို့မှု၊ ရာသီဥတု၊ ကြေငြာချက် သို့မဟုတ် သဘောတူညီချက်များ၏ အနှစ်ချုပ် စသည်ဖြင့် နားဆင်သူများ စိတ်ဝင်စားမည့် အကြောင်းအရာ။
  • သတင်း၏လိုအပ်ချက်အရ နှင့် တင်ဆက်သူနှင့် နောက်ဆုံးရသတင်းတင်ဆက်မှု တစ်သားတည်းဖြစ်စေရန် အသံဖိုင်အတို သို့မဟုတ် ထိုအဖြစ်အပျက်မှ အသံများကို ထုတ်လွှင့်ပေးပါ။
  • ရှိုးပွဲတစ်ခု၊ ဂီတပွဲတစ်ခု၊ သို့မဟုတ် ရယ်စရာသတင်းတစ်ခုဖြင့် သတင်းကြေငြာခြင်းကို အဆုံးသတ်ပါ။ (ဤနည်းဖြင့်နောက်ဆုံးရသတင်းတင်ဆက်မှုကို အပြုံးဖြင့်အဆုံးသတ်နုိင်သည်။)