Menu

11.၁၁။ စာမျက်နှာများ တွဲခြင်း

ပုံနှိပ်သတင်းစာဆရာများအတွက်၊ စာမျက်နှာအစီအစဉ်သည် ပညာရေးဆိုင်ရာဂိမ်းကဲ့သို့ပင် ဖြစ်ပါသည်။ ၎င်းသည် ပင်တိုင် ရုပ်ပြဇာတ်လမ်းတိုပုံစံတွင် စာရွက်ပေါ်၌၊ စခရင်ပေါ်၌ သို့မဟုတ် ရုပ်ရှင်ကဲ့သို့ နံရံပေါ်တွင် ပြသခြင်းဖြင့် ပြီးစီးသွားသောသတင်းစာတွင် ပြသမည့်အရာ၏ တစ်မျက်နှာခြင်း အခြေခံအကြောင်းကို အမြင်ပိုင်းအရ တင်ပြခြင်းဖြစ်ပါသည်။ ၎င်းခြုံငုံသုံးသပ်ချက်သည် ပထမစာမျက်နှာမှသည် နောက်ဆုံးစာမျက်နှာအထိ သတင်းစာခေါင်းကြီးပိုင်းထုတ်လုပ်မှုပုံစံကို ဖြန့်ဖြူးကာ ဦးစားပေးသည့်ပုံစံကို စောစီးစွာ ကြည့်မြင်နိုင်သောညွှန်ပြချက်ကို ပေးစွမ်းပါသည်။

အခြေခံစည်းကမ်းများ

သတင်းစာစာမျက်နှာများအားလုံးတွင် တူညီသော အမြင်ပိုင်းဆိုင်ရာသက်ရောက်မှု မရှိပါ။

လက်ယာဘက် စာမျက်နှာသည် စာဖတ်သူ၏အမြင်အာရုံကို သဘာဝအလျောက်ဖမ်းစားထားပြီး ၎င်းတို့သည် လက်ဝဲဘက် စာမျက်နှာကိုကြည့်ရန်အတွက် စာရွက်ကိုလှန်ရန် လိုအပ်ပါသည်။

မဂဏန်း စာမျက်နှာများပေါ်ရှိ စာများကို များသောအားဖြင့် စုံဂဏန်းစာမျက်နှာများပေါ်ရှိ စာများထက် ပို၍ သတိထားမိကြပါသည်။

အမှန်တကယ်ပင်၊ လူအာရုံအစိုက်ဆုံး စာမျက်နှာများမှာ၊ သတင်းစာ၏ ပြတင်းတံခါးဖြစ်သော အရှေ့စာမျက်နှာ နှင့်အတူ စာမျက်နှာ ၃၊ ၅၊ ၇ စသည်တို့ ဖြစ်ပါသည်။ ၎င်းတို့ကို အဓိကအားဖြင့် သတင်းစာ၏ “ရေပန်းစားစာမျက်နှာများ၊ တစ်နည်းအားဖြင့် ကြားဖြတ်သတင်းများကို သတင်းရေးသားရန် အသုံးပြုသောအရာများဟု စဉ်းစားပါသည်။

အပြန်အလှန်အားဖြင့် စုံဂဏန်းစာမျက်နှာများ၊ တစ်နည်းအားဖြင့် ၂၊ ၄၊ ၆၊ ၈၊ စသည်တို့ကို အဓိကဆောင်းပါများနှင့် ဆင့်ပွားဇာတ်လမ်းများထံမှ အဆက်များအဖြစ် ရည်ရွယ်ထားပါသည်။ ၎င်းတို့သည် သတင်းစာ၏ “ပုံမှန်စာမျက်နှာများ၊ တစ်နည်းအားဖြင့် အလျင်သိပ်မလိုသော ဇာတ်လမ်းများကို သတင်းရေးသားရန်သုံးသည့်အရာများကို ပြုလုပ်ပေးပါသည်။

စာဖတ်သူ၏အာရုံစိုက်မှုကို အမှန်တကယ်ဖမ်းစားသည့် သတင်းစာတိုင်း၏ အခြားဧရိယာနှစ်ခု- အလယ် စာမျက်နှာနှစ်မျက်နှာအပူး နှင့် ကျောဘက်စာမျက်နှာ

အလယ် စာမျက်နှာနှစ်မျက်နှာအပူးသည် အရှည်ကြီးဖတ်ရသော ဆောင်းပါးများကို ဖော်ပြခြင်းအတွက် အကောင်းဆုံးနေရာဖြစ်ပါသည်။ ၎င်းကို ကျယ်ပြန့်သော အားကစား၊ စုံစမ်းစစ်ဆေးမှုများ၊ ပွဲထုတ်ခြင်းများ၊ ပရိုဖိုင်များနှင့် ကျယ်ပြန့်သော တွေ့ဆုံမေးမြန်းမှုများအတွက် အရန်သင့်ထားထားပါသည်။

ကျောဘက်စာမျက်နှာ၊ ပြီးစီးရန် နောက်ဆုံးစာမျက်နှာသည်၊ ယေဘုယျအားဖြင့် နောက်ဆုံးရ အားကစားသတင်းများအကြောင်း သတင်းရေးသားပါသည်။ အရှေ့စာမျက်နှာနှင့် ဆင်တူစွာပင်၊ ၎င်းသည်လည်း သတင်းစာခေါင်းကြီးပိုင်းများနှင့် ကာတွန်းများကို မီးမောင်းထိုးပြခြင်းအတွက် အဓိကရွေးချယ်မှု ဖြစ်ပါသည်။

ဇာတ်လမ်းများကို ဖြန့်ကျက်ခြင်း

“ ရေပန်းစားခြင်း” နှင့် “ ပုံမှန်” စာမျက်နှာများကြားရှိ ခြားနားခြင်းသည် ၎င်း၏ “ အခြေအနေ” ပေါ်တွင်အခြေခံ၍ သတင်းများကို ဆက်ဆံလုပ်ဆောင်ခြင်းထံ အခြေခံကျသောချဉ်းကပ်မှုကဲ့သို့ မရိုးရှင်းပါ။ ၎င်းသည် ကန့်သတ်ကာလကုန်ဆုံးချိန်တွင် လည်ပင်းရှည်အောင်မျှော်ရခြင်းကိုရှောင်ကြဉ်ရန် ကြော်ငြာစာရေးခြင်းကို တစ်နေ့တာတစ်လျှောက်တွင် ဖြန့်ကျက်ထားရန် ခွင့်ပြုပေးပါသည်။ အသေးစိတ်အကြိုအစီအစဉ်ရှိထားကာ အချိန်ဇယားအတိုင်း လိုက်နာပါက ပုံမနှိပ်မီ နာရီများစွာအလိုတွင် ဇာတ်လမ်းများစွာကို ကြိုတင်၍ ရေးသားထားနိုင်ပြီး တစ်နေ့တာအစီအစဉ်၌ ထည့်သွင်းထားနိုင်ပါသည်။ ထိုဇာတ်လမ်းများတွင် အလယ်ရှိ စာမျက်နှာနှစ်မျက်နှာအပူး၊ အချိန်မရွေး ထုတ်ဝေနိုင်သော ဇာတ်လမ်းများ၊ စုံနံပါတ်တပ်ထားသည့် စာမျက်နှာများပေါ်ရှိ မဂ္ဂဇင်းဇာတ်လမ်းများ သို့မဟုတ် ဆင့်ပွားဇာတ်လမ်းများ ပါဝင်နိုင်ပါသည်။ ဖြန့်ကျက်သော ထုတ်လုပ်ခြင်းသည် အရည်အသွေးမြင့်မားသော အကြောင်းအရာကို အာမခံပေးပါလိမ့်မည်

အခြေခံပုံစံ

သေးငယ်သော ဒေသတွင်း နေ့စဉ်သတင်းစာ၏ စာမျက်နှာအစီအစဉ်တွင် စံနမူနာအားဖြင့် စာမျက်နှာ ၁၂ မျက်နှာစာ သတင်းရေးသားမှုများ ပါဝင်ပါသည်။ ဤ စာမျက်နှာနံပါတ်တပ်ခြင်းကို လွတ်လပ်စွာ ကျင့်သုံးနိုင်ပြီး ကြီးမားသော ဒေသတွင်း နေ့စဉ်သတင်းစာအတွက် နှစ်ဆ (၂၄ မျက်နှာ)၊ ဒေသအလိုက် နေ့စဉ်သတင်းစာအတွက် သုံးဆ (၃၆ မျက်နှာ) သို့မဟုတ် နိုင်ငံတော် နေ့စဉ်သတင်းစာအတွက် လေးဆ (၄၈ မျက်နှာ) ပြုလုပ်နိုင်ပါသည်။ စာမျက်နှာအစီအစဉ်တိုင်းကို သတင်းနှင့် အလုပ်ဖြန့်ဝေမှုတို့အရ ထပ်ဆင့်ပိုင်းခြားထားပါသည်။ ၎င်းတွင် လက်ရှိဖြစ်စဉ်များကို သတင်းရေးသားရာတွင် ပိုမိုလွယ်ကူစေရန် ပုံမှန်အရာများကဲ့သို့ပင် ရေပန်းစားစာမျက်နှာများစွာ ရှိပါသည်။

သေးငယ်သော ဒေသတွင်း နေ့စဉ်သတင်းစာ

  • အရှေ့စာမျက်နှာ- ပင်မအကြောင်းအရာ- သတင်းခေါင်းစဉ် (“ဘဏ်လုပ်ငန်းရှင် Mark Pesos ပြန်ပေးဆွဲခံခဲ့ရ”)၊ ကနဦး ဖတ်ရှုခြင်းအဆင့် (ဦးဆောင်စာပိုဒ်တွင် ဇာတ်လမ်းအကြောင်း အကျဉ်းချုံးဖော်ပြထားပြီး၊ စာမျက်နှာ + ဓာတ်ပုံ သို့မဟုတ် ကာတွန်းအတွင်းရှိ အကြောင်းအရာကို စာဖတ်သူထံ ညွှန်းဆိုထားသည်)။
  • စာမျက်နှာ ၂- ဖြစ်စဉ်အတွက် “ စာဖတ်သူများ၏ ညီညွတ်ကိုက်ညီမှု” ကဲ့သို့သော “ အသုံးဝင်သည့်သတင်းများ” ပေါ်တွင် အာရုံစိုက်ထားသော ကြိုတင်တည်းဖြတ်ထားသည့် စာမျက်နှာ။
  • စာမျက်နှာ ၃- အခြားသတင်းခေါင်းစဉ်ဖြင့် မျက်နှာဖုံးဆောင်းပါးအကြောင်း ဆက်ခြင်း- “ မြင့်တက်လာသော စီးပွားရေးလုပ်ငန်းရှင်များ၏ အဓမ္မခေါ်ယူမှုများ” … ခေါင်းစဉ်ခွဲ- “ ရဲအရာရှိချုပ်က ဤဖြစ်စဉ်အကြောင်းကို ရှင်းပြထားသည်” (ရေပန်းစား စာမျက်နှာ)။
  • စာမျက်နှာ ၄- အနီးအနားပတ်ဝန်းကျင်ဘဝ (ပုံမှန်စာမျက်နှာ)။
  • စာမျက်နှာ ၅- အနီးအနားပတ်ဝန်းကျင်ဘဝ (ရေပန်းစား စာမျက်နှာ)။
  • စာမျက်နှာ ၆-၇၊ အလယ်ရှိ စာမျက်နှာနှစ်မျက်နှာအပူး-ဒေသတွင်း သတင်း အစီရင်ခံမှု၊ အင်္ဂါရပ် သို့မဟုတ် စုံစမ်းစစ်ဆေးမှု (ပုံမှန် စာမျက်နှာ)။
  • စာမျက်နှာ ၈- စီးပွားရေးလုပ်ငန်း (ရေပန်းစား စာမျက်နှာ)။
  • စာမျက်နှာ ၉-ယဉ်ကျေးမှု (ပုံမှန်စာမျက်နှာ)။
  • စာမျက်နှာ ၁၀- အားကစား (ရေပန်းစား စာမျက်နှာ)။
  • စာမျက်နှာ ၁၁- လူအများစိတ်ဝင်စားသော ဇာတ်လမ်းများ (ရေပန်းစား စာမျက်နှာ)။
  • စာမျက်နှာ ၁၂- နေ့စဉ်ပရိုဖိုင် (ပုံမှန်ကော်ပီ)၊ နောက်ဆုံးရသတင်းများအတွက် ကော်လံအတို (ရေပန်းစားကော်ပီ)။

 ***

ပုံစံထုတ်ထားသော စာမျက်နှာအစီအစဉ်ကို နိုင်ငံတော် နေ့စဉ်သတင်းစာတွင် လက်ခံထားပါသည် (ပုံမှန်စာမျက်နှာများ၏ သုံးပုံတစ်ပုံ)

  • အရှေ့စာမျက်နှာ- စာရွက်၏ထင်ရှားသောဖော်ပြချက်များကို ကြည့်မြင်နိုင်သည့်နေရာ။
  • စာမျက်နှာ ၂-လူအများစိတ်ဝင်စားသော ဇာတ်လမ်းများ။
  • စာမျက်နှာ ၃- အရှေ့စာမျက်နှာ၏အဆက်။
  • စာမျက်နှာ ၄၊ ၅၊ ၆- နိုင်ငံခြားရေးရာ (ပုံမှန်စာမျက်နှာနှစ်ခုပါဝင်သည်)။
  • စာမျက်နှာ ၇၊ ၈၊ ၉- ပြည်တွင်းရေးရာ (ပုံမှန်စာမျက်နှာတစ်ခုပါဝင်သည်)။
  • စာမျက်နှာ ၁၀၊ ၁၁- လူ့အသိုက်အဝန်း (ပုံမှန်စာမျက်နှာတစ်ခုပါဝင်သည်)။
  • စာမျက်နှာ ၁၁၊ ၁၂- အလယ်ရှိ စာမျက်နှာနှစ်မျက်နှာအပူး။
  • စာမျက်နှာ ၁၄၊ ၁၅- စီးပွားရေးလုပ်ငန်းနှင့် လူ့အသိုက်အဝန်း။
  • စာမျက်နှာ ၁၆၊ ၁၇- ယဉ်ကျေးမှု (ပုံမှန်စာမျက်နှာတစ်ခုပါဝင်သည်)။
  • စာမျက်နှာ ၁၈၊ ၁၉- အားကစား (ပုံမှန်စာမျက်နှာတစ်ခုပါဝင်သည်)။
  • စာမျက်နှာ ၂၀၊ ၂၁၊ ၂၂- အသုံးဝင်သောသတင်းများ (ပုံမှန်စာမျက်နှာနှစ်ခုပါဝင်သည်)။
  • စာမျက်နှာ ၂၃- စိတ်အပန်းဖြေခြင်း၊ TV နှင့် ရေဒီယိုနားထောင်ခြင်းများ၊ ဂိမ်းများ။
  • စာမျက်နှာ ၂၄- နောက်ဆုံးရသတင်းများ။

“ ဝီရိယရှိသူများ”

လှည့်ပတ်နေမှုပေါ်တွင် ရွေးချယ်ခံထားရသည့် ဌာန သို့မဟုတ် ကဏ္ဍတစ်ခုစီရှိ ရုံးသို့ဝင်ရောက်ရန် ပထမ သတင်းစာဆရာများ လုပ်ဆောင်သည့်အလုပ်၏ ကျေးဇူးဖြင့် သတင်းများ၏ စာမျက်နှာအစီအစဉ် ချိန်ညှိခြင်းကို ပြုလုပ်ပါသည်။  ၎င်းတို့၏ အခန်းကဏ္ဍသည် ၎င်းတို့အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးချင်းစီကို အလုပ်တာဝန်ခွဲဝေပေးရန် ဖြစ်ပါသည်။ ၎င်းတို့သည် အခြေခံဇာတ်လမ်းများနှင့် အွန်လိုင်းသတင်းများကို စီစဉ်သတ်မှတ်ကာ တရားဝင် သတင်းထုတ်ပြန်ချက်များနှင့် ပေးစာများကို လက်ခံရယူပါသည်။ ၎င်းသည် လူတိုင်း၏အချိန်ကို ခြွေတာပေးပြီး စာမျက်နှာအစီအစဉ်ကို တိုးတက်စေပါသည်။