Menu

11.၁၁။ တင်ဆက်သူ၏ အဖွင့်မိတ်ဆက်။

ပြင်သစ်ရေဒီယိုတွင် ထိုအရာကို “လွှတ်တင်ခြင်” ဟုခေါ်သည်။ အမှန်တကယ်ပင် ပြီးခဲ့သည့်အချိန်များတွင် တင်ဆက်သူသည် အင်ဂျင်နီယာကို တင်ဆက်သည့်အကြောင်းအရာကို လွှတ်တင်ရန် အချက်ပြခဲ့ရသည်။ အင်ဂျင်နီယာရှိသည့်အချိန်တွင် ထိုအရာကို ပြုလုပ်နေရဆဲဖြစ်သည်။ ထိုကဲ့သို့ ထုတ်လွှင့်မှုများသည် တစ်ခါတစ်ရံ တစ်နေ့တာ၏ သတင်းကြီးထုတ်လွှင့်မှုဖြစ်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

တင်ဆက်သူ၏ မိတ်ဆက်ကို တင်ဆက်သူကိုယ်တိုင်ရေးသားထားခြင်းဖြစ်သည်။ ထိုအရာသည် သတင်းထုတ်လွှင့်မှုအတွင်းတွင်ပါသည့် သတင်းများကို မိတ်ဆက်ရန် သို့မဟုတ် လွှတ်တင်ရန် အတွက်ဖြစ်သည်။

တင်ဆက်သူအဖွင့်မိတ်ဆက်၏ ကြာချိန်

တင်ဆက်သူ၏ မိတ်ဆက်သည် စက္ကန့်၂၀ခန့်ကြာသည်။ ထိုနေရာတွင် အနည်းဆုံး စာကြောင်း ၃ကြောင်းနှင့် အများဆုံး စာကြောင်း ၅ကြောင်း သို့မဟုတ် ၆ေကြာင်းရှိရမည်။

တင်ဆက်သူ၏ အဖွင့်မိတ်ဆက်ကို တည်ဆောက်ခြင်း

တင်ဆက်သူ၏ မိတ်ဆက်ကို အပိုင်းသုံးပိုင်းဖြင့်တည်ဆောက်ထားသည်။

  • ပထမအပိုင်း။ ေခါင်းကြီးစာကြောင်း၊ ထိုအရာတွင် သတင်းပါဝင်သည်။

မည်သည့်သတင်းဖြစ်ကြောင်းကို ဖော်ပြပေးသည့် နည်းလမ်းကိုအသုံးပြုသည်။ သင့်ကိုယ်သင် ပြန်မေးရန်- “ဤအရာ၏မည်သည့်အစိတ်အပိုင်းသည် သတင်းအချက်အလက်အသစ်ဖြစ်သနည်း။” ထိုမေးခွန်းအတွက်အဖြေကို စာတစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်ထားပြီး နားထောင်သူ၏ စိတ်ဝင်စားမှုကိုရရှိရန်အတွက် စွဲဆောင်မှုရှိအောင်ရေးသားထားသည်။

  • ဒုတိယအပိုင်း။ အပိုသတင်းအချက်အလက်

အနည်းဆုံးစာတစ်ကြောင်းတည်းသာပါဝင်ပြီး သတင်းအချက်အလက်ကို နားလည်သဘောပေါက် စေရန်အတွက် အစိတ်အပိုင်း နှစ်ခု သို့မဟုတ် သုံးခုထိများသောအားဖြင့်ပါဝင်သည်။ သင့်အနေဖြင့် မေ့ကျန်ခဲ့သည်များမဖြစ်စေရန် ‘ဘ’ ၅လုံးကို အသုံးပြုပါ။ သင်၏မိတ်ဆက်တွင် ထိုမေးခွန်းငါးခုကို ဖြေထားခြင်းရှိမရှိစစ်ဆေးပါ။

  • တတိယ အစိတ်အပိုင်း။ သတင်းကိုတင်ဆက်ထားသည့် ရှုထောင့်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း။

သတင်းထောက်သည် သတင်းကိုတင်ဆက်ရန်အတွက်နှင့် မတူညီသည့်အမြင်များကို ဖော်ပြရန် ရှုထောင့်ရွေးချယ်ရသည်။ တရားခွင်တစ်ခုကို ဥပမာထားပြီးကြည့်ကြပါစို့။ အောက်ပါတို့သည် ဖြစ်နိုင်ချေရှိသည့် ရှုထောင့်များဖြစ်သည်။ စွပ်စွဲခံရသူအကြောင်း၊ အချက်အလက်များအနှစ်ချုပ်၊ တရားခံနှင့် ရှေ့နေများ စသည်ဖြင့်။

ဥပမာ။ ။

  • ပထမပိုင်း။ လူသတ်သမားဟူ စွပ်စွဲခံရသည့် ကိုမောင်လှကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
  • ဒုတိယပိုင်း။ ပထမနေ့တွင် တရားသူကြီးများသည် ဤစွပ်စွဲမှုကို ကြားနာမည်ဖြစ်သည်။ တရားခံကို ကို စစ်ဆေးနေစဥ်အတွင်းတွင် အင်းစိန်တွင် အချုပ်ချထားမည်ဖြစ်သည်။
  • တတိယပိုင်း။ စွပ်စွဲသူမှာ ဦးသာရင်ဖြစ်ပြီး သမ္မတရုံးညွှန်ကြားရေးမှူးဟောင်းဖြစ်သည်။ သူ၏အကြောင်းကို သတင်းထောက် သုမောင်က တင်ဆက်ပေးထားသည်။

By continuing to use this site, you agree to the use of cookies or similar technologies to gauge audience usage and to offer you social networking features, related content and customised advertising.

OK, I understand