Menu

20.၂၀) ဒေတာနှင့် ရင်းမြစ်များကို ကာကွယ်ခြင်း

တကယ့်ဘဝအဖြစ် အွန်လိုင်းတွင် သတင်းစာဆရာသည် ၎င်းတို့၏ ရင်းမြစ်များကို ကာကွယ်ပေးနိုင်ရမည်။ ယခုလိုမျိုး ဟက်ကာများပေါ်များသည့် ခေတ်တွင် ခြေရာခံ နောက်ကြောင်းလိုက်မခံရစေရေးအတွက် စုံထောက်ကဲ့သို့ပင် အင်တာနက်တွင် ဇစ်မြစ်လိုက်ခံရခြင်း မဖြစ်စေရန် အင်တာနက်တွင် ခြေရာခံမှုများကို ဖုံးကွယ်နည်းကို သိထားရန်မှာ အရေးကြီးပါသည်။

လုံခြုံစိတ်ချစွာ ဆက်သွယ်ပြောဆိုခြင်း

တဲ့တိုးပြောရမည်ဆိုပါက အီလက်ထရွန်နစ် စက်များ ဘေးမှာမရှိဘဲ ရင်းမြစ်နှင့် မျက်နှာချင်းဆိုင် စကားပြောသလိုမျိုးတော့ မည်သည့်အခါမျှ အကာအကွယ်ကောင်းကောင်း ရှိလိမ့်မည်မဟုတ်ပါ။ ကနဦး ထိတွေ့မှုက ဤနည်းဖြင့် စတင်ခြင်းမှာ ဖြစ်ခဲပါသည်။ စုံစမ်းစစ်ဆေးရေး သတင်းပညာ ကမ္ဘာကြီးတွင် သင်လုပ်ကိုင်နေပါက သင်၏ စကားပြောဆိုမှုများကို ကုဒ်ပြောင်းဝှက်နိုင်စေမည့် PGP ကီးကို ရယူဖို့လိုအပ်နိုင်ပါသည်။ ProtonMail အီးမေးလ် အကောင့်များကဲ့သို့ အသင့်ဖန်တီးထားသော ဖြေရှင်းနည်းများကိုလည်း သင်ရယူနိုင်ပါသည်။

အင်တာနက်ကို အမည်ဝှက်၍ ဝင်ရောက်ကြည့်ရှုခြင်း

အွန်လိုင်းတွင် သိုသပ်နေခြင်းက ခြေရာချမထားခြင်းဟုလည်း အဓိပ္ပါယ်ရပါသည်။ ကမ္ဘာပေါ်ရှိ ကွန်ပျူတာတိုင်းတွင်း ကိုယ်ပိုင် “လိပ်စာ” ရှိပြီး ၎င်းကို IP လိပ်စာဟု ခေါ်ပါသည်။ ဝဘ်ဆိုက်များကို လက်ခံထားသည့် ဆာဗာများနှင့် သင်ချိတ်ဆက်ချိန်တွင် သင်က ခြေရာချန်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ သင်က အမည်မဖော်ပြဘဲ လေ့လာကြည့်ရှုနိုင်စေရန် သင့် IP လိပ်စာကို ဖုံးကွယ်ခြင်း အသုံးဝင်နိုင်ပါသည်။ ထိုသို့ပြုလုပ်ရန် သုံးနိုင်သည့် အကောင်းဆုံး ကိရိယာများမှာ VPN များ ဖြစ်သည်။ ၎င်းသည် သင့်စက်နှင့် အင်တာနက်ကြား လုံခြုံစိတ်ချရသော “ဥမင်” ကို အသုံးပြုနိုင်စေသည့် သင့်ကွန်ပျူတာပေါ်တွင် သင်ထည့်သွင်းထားသည့် ဆော့ဖ်ဝဲငယ်များ ဖြစ်ပါသည်။ သင့် IP လိပ်စာကို ဖုံးကွယ်ထားပြီး သင့်ဒေတာများကို ကုဒ်ပြောင်းဝှက်ထားသည်။

VPN အများစုကလည်း ပရောက်စီ ဆာဗာအဖြစ် လုပ်ဆောင်နိုင်ပြီး သင့်တည်နေရာကို ဖုံးကွယ် သို့မဟုတ် ပြောင်းလဲနိုင်စေပြီး သင်ရောက်သည့်နေရာတွင် ဝဘ်ကို အမည်ဝှက်၍ လေ့လာကြည့်ရှုနိုင်စေပါသည်။

အသုံးဝင်ပြီး စိတ်ချရသည့် ကိရိယာအချို့

အွန်လိုင်းတွင် စိတ်ချစွာ ဝင်ရောက်ခြင်းက ဒစ်ဂျစ်တယ် ဘေးကင်းရေး၏ အခြေခံ စည်းကမ်းချက်များကို လေးစားခြင်းလည်း ဖြစ်ပါသည်။ သင့်စကားဝှက်များကို ပြောင်းလဲခြင်း၊ စာလုံးကြီးများ၊ နံပါတ်များနှင့် ပုဒ်ဖြတ်ပုဒ်ရပ် အမှတ်အသားများသုံး၍ ပိုရှုပ်ထွေးအောင် ပြုလုပ်ခြင်းတို့မှာ အခြေခံ ဘေးကင်းရေး ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ကုဒ်ပေါင်းများစွာကို မှတ်ထားခြင်းက ရှုပ်ထွေးနိုင်ပါသည်။ သင့်အတွက် အကူအညီဖြစ်စေမည့် LastPass ကဲ့သို့ သင့်စကားဝှက်များကို သိမ်းဆည်းရန် ကိရိယာကို သင်အသုံးပြုနိုင်ပါသည်။

ထိခိုက်လွယ်သော စာရွက်စာတမ်းများကို အွန်လိုင်းတွင် သင်သိမ်းဆည်းပြီး စိစစ်လိုပါက ကြီးမားသော ဒစ်ဂျစ်တယ် ကုမ္ပဏီများ၏ သမားရိုးကျ သိုလှောင်မှု ကိရိယာများကို အသုံးမပြုရန်မှာ အကောင်းဆုံး ဖြစ်ပါသည်။ အစုံပါသည့် ကိရိယာမှာ OverviewDocs ဖြစ်သည်။ သင့်စာရွက်စာတမ်းများကို ကာကွယ်ရန် အပြင် ၎င်းတို့ကို မှတ်ချက်ပြုရန်၊ ဖိုင်တွဲရန်နှင့် အလွန်အကျိုးများသော စာသား ရှာဖွေမှုများကို ပြုလုပ်နိုင်စေပါသည်။

နောက်ဆုံးအနေဖြင့် ထိခိုက်လွယ်သော ရင်းမြစ်များနှင့် နေ့စဉ်နှင့်အမျှ ဆက်သွယ်လုပ်ဆောင်လိုသူများအတွက် သမားရိုးကျ မက်ဆေ့ချ် ဝန်ဆောင်မှုများကို ရှောင်ရန်မှာ အကောင်းဆုံး ဖြစ်ပါသည်။ ဤနယ်ပယ်တွင် Telegram နှင့် Signal တို့မှာ စိတ်အချရဆုံးဟု ယူဆရသည့် ကိရိယာများ ဖြစ်သည်။