Menu

17.၁၇) လူမှုမီဒီယာ ပလတ်ဖောင်းများအတွက် အကြောင်းအရာကို ထုတ်လုပ်ခြင်း

သတင်းစင်များသည် သတင်းစားများကို ထားရှိရန် နေရာဖြစ်သော်လည်း လူမှုမီဒီယာ ပလတ်ဖောင်းများသည် သတင်းခန်းများဖြင့် ထုတ်လုပ်သည့် အွန်လိုင်း အကြောင်းအရာကို ရှာဖွေရန် နေရာ ဖြစ်သည်။ အင်တာနက် သုံးစွဲသူအများစုက မီဒီယာ လုပ်ငန်း စာမျက်နှာသို့ တိုက်ရိုက်မသွားကြပါ။ သို့ဖြစ်ပါ၍ လူမှုအသိုင်းအဝိုင်း အမျိုးမျိုးအတွက် အကြောင်းအရာကို ထုပ်လုပ်နည်းကို သိထားရန်မှာ အရေးကြီးပါသည်။

ဖြန့်ချိချိန်များကို သိထားခြင်း

လူမှုမီဒီယာ ပလတ်ဖောင်းကို ကောင်းစွာ သိခြင်းက အကြောင်းအရာ ဖြန့်ချိရန် အကောင်းဆုံးချိန်ကို နားလည်ခြင်း ဖြစ်သည်။ ယေဘုယျာအားဖြင့် အလုပ်ချိန်များအတွင်း ပရိသတ်မှာ ပိုနည်းနိုင်သည်ကို မှတ်သားထားနိုင်သည်။ ချိတ်ဆက်မှုများ ပိုဖြစ်ပေါ်လာချိန်မှာ နေ့လယ်စာစားချိန်နှင့် နေ့လယ်ခင်းချိန် ဝန်းကျင်အတွင်း ဖြစ်သည်။ ဒါကတော့ အသေးစိတ် ဒေတာ အချို့ပါ-

Facebook တွင် နံနက် ၉၀:၀၀ နာရီ သို့မဟုတ် နေ့လယ်စာစားချိန် နေ့လယ် ၁၃:၀၀ နာရီနှင့် ၁၅:၀၀ နာရီကြား သင့်အကြောင်းအရာကို ဖြန့်ချိရန် အကြံပြုပါသည်။ ဤပလတ်ဖောင်းတွင် ပိတ်ရက်များတွင် ယေဘုယျအားဖြင့် ပိုအောင်မြင်မှု ပိုရပါမည်။

Twitter တွင် နေ့လယ်စာစားချိန် အထူးသဖြင့် ဗုဒ္ဓဟူးနေ့များသည် ချိတ်ဆက်မှုအများဆုံး ပြုလုပ်သည့် အချိန် ဖြစ်သည်။ သင်က နေ့လယ်ခင်းတွင်လည်း အကြိမ်ရေများစွာ အကြောင်းအရာ ပို့စ်တင်နိုင်ပါသည်။

Instagram တွင် နံနက်ခင်း ၀၈:၀၀ နှင့် ၀၉:၀၀ ကြားနှင့် လူတိုင်းအလုပ်မှ အိမ်ပြန်ရောက်ချိန် ညနေခင်းတွင် ရေးတင်ရန် ကြိုးပမ်းရမည်။ ဤလူမှုကွန်ရက် ပလတ်ဖောင်းသည် ပုံရိပ်အခြေပြု ဖြစ်သောကြောင့် လူအများထံ ပိုရောက်ရှိစေဖို့ မျှော်လင့်ချက်ဖြင့် ဓာတ်ပုံထက် ဗီဒီယိုကို ဖြန့်ချိရန်မှာ အမြဲတမ်း ပိုကောင်းမွန်ပါသည်။

ဆွဲဆောင်နိုင်မှု အယူအဆကို မိတ်ဆက်ခြင်း

ယေဘုယျအားဖြင့် ဆိုရပါက လူမှုမီဒီယာ ပလတ်ဖောင်းများသည် သင့်လူအဖွဲ့အစည်းနှင့် တုံ့ပြန်ဆောင်ရွက်သည့် နေရာတစ်ခု ဖြစ်ပါသည်။ သင့်ပရိသတ်ကို တိုးချဲ့လိုပါက လင့်ခ်ဖန်တီးခြင်း၊ စိန်ခေါ်ခြင်း၊ မေးခွန်းများ မေးခြင်း၊ စစ်တမ်းများကို အဆိုပြုခြင်း၊ မေးခွန်းများ ဖြေဆိုခြင်း အစရှိသည်တို့ ပြုလုပ်ရမည်။ နာမည်ကြီး သတင်းခန်းများတွင် လူမှုအသိုင်းအဝိုင်း မန်နေဂျာများကို ပရိသတ်နှင့် ဆက်ဆံရေးများအပေါ် အဓိက အာရုံထားရသည့် ရထူးဖြစ်သည့် ဤခေါင်းဆောင်မှု ရာထူးပေးထားပါသည်။

ဓာတ်ပုံ သို့မဟုတ် ပုံရိပ်တစ်ခုပါသည့် ကောင်းစွာ ရေးသားထားသော အကြောင်းအရာကို အသားပေး ဖော်ပြသည့် အယ်လ်ဂိုရစ်သမ်များကို အသုံးပြု၍ လုပ်ဆောင်သည့် Facebook က ဦးဆောင်သော လူမှုမီဒီယာ ပလတ်ဖောင်းများ စတင်ချိန်ကတည်းက ဤရာထူးမှာ ပို၍ အရေးကြီးလာပါသည်။ သင်ထုတ်ပြန်လိုက်သည့် အကြောင်းအရာမှာ အောင်မြင်ပါက၊ လိုက်ခ်ရပြီး မျှဝေခံရပါက ပလတ်ဖောင်းက သင့်ကို အသားပေး ဖော်ပြနိုင်ခြေ ပိုများပါမည်။ ပရိသတ် ဆွဲဆောင်မှု ဖန်တီးခြင်းက သင်ထုတ်ပြန်လိုက်သည့် အကြောင်းအရာနှင့် သင့်လူမှုအသိုင်းအဝိုင်းကြား တုံ့ပြန်လုပ်ဆောင်မှုများကို အောင်မြင်စွာ တိုးမြှင့်ခြင်းဟု ဆိုလိုသည်။

အကြောင်းအရာကို အသုံးပြုပုံအား သတိပြုမိခြင်း

လူမှုမီဒီယာတွင် အောင်မြင်စေရန် အကြောင်းအရာကို အွန်လိုင်းတွင် ထုတ်ပြန်ရမည့် အချိန်ကို သိထားရန် လိုအပ်ပြီး ဖတ်ရှုမှု အလေ့အထများကို နားလည်ခြင်းကလည်း မရှိမဖြစ် လိုအပ်ပါသည်။

မီဒီယာ လုပ်ငန်း Brut ၏ အောင်မြင်မှု ဥပမာကို ကြည့်ရအောင်။ ဤအေဂျင်စီ ဖန်တီးသူများသည် ဗီဒီယိုများကို အွန်လိုင်းတွင် ကြည့်ရှုသည့် နည်းလမ်းများကို ကနဦး စိတ်ဝင်စားခဲ့သည်။ အကြည့်အများဆုံး ဗီဒီယိုများမှာ တိုပြီး အသံမပါသည်ကို သူတို့ သတိပြုမိကြသည်။ ၎င်းမှာ ဗီဒီယိုနှင့် စာတန်းများတွင် စာသားဖြင့် ဖောမတ်ကို တိုက်ရိုက် ဖန်တီးထားသည်ဆိုသည့် ဤစိစစ်ချက်အပေါ် အခြေခံထားပါသည်။ ဤဖောမတ်ကို ယခုအခါ သတင်းခန်းအားလုံးနီးပါးတွင် အသုံးပြုနေပါသည်။