တွေ့ဆုံမေးမြန်းမှုမစမီ
ပထမအဆင့်။ ။ သင်တွေ့ဆုံမည့်သူပြောမည့်အကြောင်းအရာ၊ ထိုပုဂ္ဂိုလ်၏နောက်ခံအကြောင်းကို သိရှိအောင်လုပ်ပါ။
မေးခွန်းများကိုပြင်ဆင်ပါ။ ။ အဓိပ္ပါယ်ရှိစေရန်၊ သင်ကိုယ်တိုင်မှတ်သားရန်နှင့် မေးရန်အတွက် မှတ်စုမှတ်ပါ။
သင့်ကိုယ်သင် မိတ်ဆက်ပါ။ ။ ဖုန်းမှတစ်ဆင့် တွေ့ဆုံရန်ချိန်းဆိုချိန်တွင် သို့မဟုတ် တွေ့ဆုံရန်အတွက် သင်ရောက်သွားသည့်အချိန်တွင် မိတ်ဆက်ပါ။ သင်ဘယ်သူလဲ၊ ဘယ်မှာအလုပ်လုပ်သလဲ၊ တွေ့ဆုံမေးမြန်းပြီးသင်ဘာလုပ်မှာလဲဆိုသည့်အရာများကို ပြောပြပါ။ (တစ်စိတ်တစ်ပိုင်း၊ များသောအားဖြင့်၊ အကုန်လုံး စသည်တို့ကို ထုတ်လွှင့်ပါမည် စသည်ဖြင့်)
သင်၏ဧည့်သည်ကို သက်တောင့်သက်သာဖြစ်အောင်ထားပြီး သင်ရွေးချယ်ထားသောရှုထောင့်နှင့် တင်ဆက်လိုသည့် အကြောင်းအရာကို ပြောပြပါ။
တွေ့ဆုံမေးမြန်းနေစဥ်အတွင်း
အဖွင့်မေးခွန်းများမေးပါ။ ။ ဟုတ်တယ် မဟုတ်ဘူး အဖြေများသာရနိုင်သည့် မေးခွန်းများထက် ဘာကြောင့်လဲ သို့မဟုတ် ဘယ်လိုထင်ပါသလဲ စသည့်မေးခွန်းများ မေးပါ။
တစ်ခါမေးလျှင် မေးခွန်းတစ်ခုသာမေးပါ။ ။ တစ်ခုထက်ပိုသည့်မေးခွန်းများကို တစ်ကြိမ်းတည်းတွင် မေးပါက ဖြေဆိုသူသည် နောက်ဆုံးမေးခွန်းကိုသာ ဖြေကြားလေ့ရှိပြီး ရှေ့မေးခွန်းများကို မေ့သွာတတ်သည်။ သင်ကိုယ်တိုင်လည်း ထိုကဲ့သို့ပင်ဖြစ်တတ်သည်။
မေးခွန်းများမေးပါ၊ သင့်ရပ်တည်ချက်ကို မကြေငြာပါနှင့်။ ။ သင်သည် ထိုနေရာတွင် မည်သည့်နေရာတွင် ရပ်တည်မည်ဟုရွေးချယ်နေခြင်း၊ မိန့်ခွန်းသို့မဟုတ် ထင်မြင်ချက်ပေးနေခြင်း မဟုတ်ပါ။ သင်၏ ပန်းတိုင်မှာ အဖြေကောင်းများရရှိရန်ဖြစ်သည်။ ထိုအဖြေများရရှိရန်အတွက် မေးခွန်းများကို သေချာစွာစဥ်းစားဆုံးဖြတ်ထားရန်လိုအပ်သည်။
အဖြေများကို ဂရုတစိုက်နားထောင်ပါ။ ။ တိကျမှုအတွက်၊ ရှင်းလင်းချက်အတွက် မေးရန်အချိန်ရှိပါသည်။
ဖြေဆိုနေစဥ်အတွင် မည်ကဲ့သို့ ယဥ်ကျေးစွာကြားဖြတ်နိုင်သည်ကိုသိပါ။ ။ နုိင်ငံရေးသမားများသည် သူတို့မျက်နှာမပျက်စေရန်နှင့် မဖြေကြားလိုသည်ကိုရှောင်ရန်အတွက် ထိုကဲ့သို့ပြုလုပ်လေ့ရှိသည်။ သင်လိုချင်သည့်အဖြေကိုရရန်အတွက် သူတို့ကို ညင်သာစွာ ပြန်လည်ခေါ်ဆောင်လာပါ။
ဖြေဆိုသူကို မည်ကဲ့သို့ကူညီနိုင်သည်ကို သိပါ။ ။ အချို့သူများသည် မိုက်ရှေ့တွင် အနည်းငယ်သာ ဖြေကြသည် သို့မဟုတ် ကြောက်ကြသည်။ သူတို့ကိုသက်ေတာင့်သက်သာဖြစ်စေရန်အတွက် သင့်မေးခွန်းကို ပြန်လည်စကားလုံးစီပေးပါ။
အကယ်၍ ဖြေဆိုသူသည် ဖြေဆိုရန်ရှောင်နေပါက သို့မဟုတ် အခြားမေးခွန်းများဖြင့်ဖြေနေပါက သင်၏မေးခွန်းသည် စိတ်အနှောင့်အယှက်ဖြစ်နေစေသည် သို့မဟုတ် ထိခိုက်စော်ကားမိနေ သောကြောင့်ဖြစ်သည်။ နောက်တစ်ကြိမ်စိတ်အေးအေးထားမေးရန် မတွန့်ဆုတ်ပါနှင့်။ သင်သည် တွေ့ဆုံမေးမြန်းမှုကို ဦးဆောင်နေသူဖြစ်သည်။
နည်းလမ်းအချို့
ဖြေဆုိသူဖြေကြားနေသည်ကို စိတ်ပါဝင်စားကြောင်းပြပါ။ ။ သူ့မျက်လုံးကိုကြည့်ပါ၊ ခေါင်းညိမ့်ပြပါ၊ စသည်ဖြင့်
ကြိုတင်ဖြေဆိုထားမှုကို ငြင်းပယ်ပါ။ ။ တစ်ခါတစ်ရံ အချို့သူများသည် အဖြေစာရွက်များကိုင်၍ လာရောက်ဖြေကြားပေးလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် ထုတ်လွှင့်မှုကို နားထောင်ရာတွင် အဆင်ပြေခြင်းမရှိနိုင်ကြောင်းနှင့် ထိုကြိုတင်အဖြေများတွင်းတွင် ပျောက်ဆုံးသွားနိုင်ကြောင်း ရှင်းပြပါ။ခေါင်းထဲတွင်ရှိသည့်အဖြေဖြင့်သာ ဖြေကြားပါက ပို၍သဘာဝကျကျကောင်းမွန်မည် ဖြစ်ကြောင်းရှင်းပြပါ။
တွေ့ဆုံမေးမြန်းနေစဥ်အတွင်း သင်မည်သည့်အပိုင်းကို အသုံးပြုနိုင်သည်ကို စဥ်းစားပါ။ ။ တွေ့ဆုံမေးမြန်းမှုကောင်းတစ်ခုသည် အကောင်းဆုံးအပိုင်းများကိုထုတ်နှုတ်ထားခြင်းဖြစ်သည်။ ထွက်ခွါခြင်းမပြုမီ သင်အသံဖမ်းထားသည်များကို စစ်ဆေးပါ၊ တွေ့ဆုံမေးမြန်းမှု၏ အဆုံးသတ်ထိ ပါမပါစစ်ပါ၊ အသံအရည်အသွေးသည် ထုတ်လွှင့်မှုပြုရန်အတွက် ကောင်းမွန်မှုရှိမရှိစစ်ပါ။