Menu

19.၁၉) မာလ်တီမီဒီယာ အချက်အလက်ကို ဖန်တီးရေးသားခြင်း

အွန်လိုင်း၊ ဆောင်းပါး၏ အဓိပ္ပါယ်ပင်လျှင် တခြား မီဒီယာ ပုံစံများနှင့် ပုံစံများနှင့် ကွဲပြားမှုရှိပါသည်။ ရိုးရှင်းသော Tweet မှ အထူးတလည် စိစစ်ချက်အထိ အွန်လိုင်း မာလ်တီမီဒီယာ ဆောင်းပါးသည် အချိန်နှင့်အမျှ ပြောင်းလဲပြီး တိုးတက်လာသည့် အချက်အလက် စီစဉ်လုပ်ဆောင်မှုဖြစ်ပြီး သတင်းစာဆရာများ၏ ဆက်တိုက် ပြင်ဆင်ချက်များ လိုအပ်သည်။

အွန်လိုင်းတွင် ဆောင်းပါးမှာ အဆုံးသတ်သည်ဟု မရှိပါ

အင်တာနက်သည် ဘယ်တော့မှ မရပ်တန့်သည့် မပြတ် စီးဆင်းနေသော မီဒီယာပုံစံတစ်ခု ဖြစ်သည်။ ရုပ်မြင်သံကြားနှင့် ရေဒီယို (မပြတ် စီးဆင်းနေသော မီဒီယာ ပုံစံဖြစ်သည့်) တို့နှင့် မတူဘဲ အင်တာနက်သည် သတင်းများက ၂၄/၇ ရက်လုံး ပြောင်းလဲနေသည့် ကမ္ဘာ့ရွာခေတ်တွင် ပေါ်ထွက်လာသောကြောင့် သတ်သတ်မှတ်မှတ် ထုတ်လွှင့်ချိန်မရှိသည်မှာ အသေချာပင် ဖြစ်သည်။ လက်တွေ့အားဖြင့် သတင်းများကို မနက်ည အချိန်မရွေး ထုတ်လွှင့်နိုင်သည်ဟု ၎င်းက ဆိုလိုပါသည်။ တခြားအချိန်များထက် အချို့သော အချိန်များတွင် အသုံးပြုမှု ပိုများလျှင်ပင် သတင်းအပိုင်းအစကို “ပြန်ချုပ်ဆွဲထားရန်” မလိုအပ်ပါ။

အက္ခရာ ၁၄၀ လုံး Tweet သို့ ရိုးရှင်းသော လင့်ခ်ဖြင့် စတင်ရန်မှာ သတင်းအပိုင်းအစအတွက် ထူးခြားပါသည်။ ထိုသို့သော ဖြစ်ရပ်မှာ နာမည်ကျော်များ၏ ဘဝနေထိုင်မှုများကို အထူးစောင့်ကြည့်သည့် pure-player သတင်းစာမျက်နှာ၏ Twitter တွင် ရေးတင်သော မက်ဆေ့ချ်မှာ မိုက်ကယ်ဂျက်ဆင်၏ သေဆုံးမှုအတွက် ပထမဆုံး ကြေညာချက် ဖြစ်ခဲ့ခြင်းဖြစ်သည်။

“အရေးတကြီး — TMZ.com သည် မိုက်ကယ်ဂျက်ဆင် နှလုံးဖောက်၍ လော့စ်အိန်ဂျလိစ် ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ကြေညာပါသည်။”

အဆိုပါ Tweet ၏ ၂၄ နာရီအတွင်း Twitter ဒေတာ စီးဆင်းမှုနှင့် Facebook ဒေတာ စီးဆင်းမှု သုံးဆမြင့်တက်ခဲ့ပြီး အဆိုပါ သတင်းဖြစ်ပြီးနောက် စကားဝိုင်းများ ထွက်ပေါ်လာနိုင်ခြေ ညွှန်ပြချက် ရှိခဲ့ပါသည်။ နောက်တစ်နေ့တွင် ကမ္ဘာ့အကြီးဆုံး နေ့စဉ် သတင်းစာများသည် ၎င်းတို့၏ စာဖတ်သူများအတွက် ပြည့်စုံလုံလောက်သော နာရေးသတင်းကို စီစဉ်ပေးနိုင်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် ကြယ်ပွင့်အဆိုတော် မသေဆုံးမီ နာရီအတွင်း ၎င်းကို ကုသပေးသည့် ဆရာဝန်အား လော့စ်အိန်ဂျလိစ် တရားရုံးက စစ်ဆေးခဲ့ပြီး စီရင်ချက်ချခဲ့သည်။ ဇာတ်ကြောင်းသည် ဆောင်းပါး ဖန်တီးရေးသားခြင်း သဘောတရားအတွက် ကောင်းမွန်သော သရုပ်ဖော်မှု ဖြစ်ပြီး ၎င်းတွင် အချိန်ကြာမြင့်စွာအထိ အပါအဝင် သတင်း တိုးတက်လာသည်နှင့်အမျှ ပေါင်းထည့်သည့် အကြောင်းအရာ ပါရှိသည်။

စဉ်ဆက်မပြတ် ပြင်ဆင်ချက်များကို ဘယ်လို ထည့်သွင်းရမလဲ။

အွန်လိုင်း သတင်းပညာ၏ အဓိက စိန်ခေါ်မှုတစ်ခုမှာ သတင်းများအတွက် ရာသက်ပန် ပြောင်းလဲမှုများကို မြင်စေနိုင်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်စေရန် ဖြစ်သည်။ သို့ဖြစ်ပါ၍ ၎င်းက ရက်စွဲ (ထုတ်ပြန်သည့် နေ့၊ နှစ်နှင့် အချိန်) နှင့် တိကျသော အမျိုးအစားခွဲမှု (တက်ဂ်) ကို ပံ့ပိုးရန် မရှိမဖြစ်လိုအပ်ပြီး ထိုနည်းလမ်းဖြင့် အင်တာနက် သုံးစွဲသူအား ခွဲခြားရွေးထုတ်နိုင်စေပါသည်။ ၎င်းက သင်၏ စုစည်းသိမ်းဆည်းမှုများအတွက် စစ်မှန်သော တန်ဖိုးကိုလည်း ပေးအပ်ပါသည်။ မိုက်ကယ် ဂျက်ဆင် သေဆုံးမှုက ရှေ့တန်းသို့ ပြန်ရောက်လာသည့်အချိန်တိုင်းတွင် ဤအကြောင်းအရာကို ရှာဖွေရေး အင်ဂျင်များက “အရေးတကြီးဆင့်ခေါ်” ပြီး ဝဘ်သုံးစွဲသူများက ဖတ်ရှု (သို့မဟုတ် ပြန်လည်ဖတ်ရှု) ပါမည်။

အဆိုပါ အခြေအနေတွင် သတင်းစာဆရာများသည် စည်းကမ်းချက်နှစ်ခုကို လိုက်နာရန်မှာ အလွန်အရေးကြီးပါသည်-

  • အမှားကို အင်တာနက် သုံးစွဲသူက သတင်းပေးပို့ပြီးနောက် အမှားပြုလုပ်ခဲ့ကြောင်း အသိအမှတ်ပြုခြင်းနှင့်
  • ဆောင်းပါး၏ အောက်ခြေတွင် ပြင်ဆင်ချက်များ ခွဲခြားသတ်မှတ်၍ အဆိုပါ အမှားကို မြင်နိုင်အောင်ပြုလုပ်ခြင်း။

ဤအကျင့်သည် သင်၏ စာဖတ်သူများထံမှ လက်ခံရရှိသည့် လေးစားမှုကို တိုးလာစေမည်ဖြစ်ပြီး သင်၏ အပေါင်းအဖော် သတင်းစာဆရာများ၏ နှိမ့်ချခြင်းကို တိုးတက်စေပါမည်။

By continuing to use this site, you agree to the use of cookies or similar technologies to gauge audience usage and to offer you social networking features, related content and customised advertising.

OK, I understand