Menu

စီမံကိန်း

24 hours in the life of a newsroom

24 hours in the life of a newsroom သည် ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများအား နိုင်ငံတကာ အသိအမှတ်ပြုသတ်မှတ်ချက်များဖြင့်  လေ့ကျင့်ပေးရန် ESJ Lille နှင့် CFI တို့မှဖန်တီးထားသော Website တစ်ခုဖြစ်သည်။ TV, Radio ဒါမှမဟုတ် Web သတင်းဌာနတစ်ခု၏ တစ်နေ့တာအတွင်း လုပ်ဆောင်ချက်များကို တိတိကျကျသိရှိနိုင်ရန် သင်တို့အတွက် Practical index card စီးရီးလေးခုကို ကျွန်ုပ်တို့ဖန်တီးထားပါသည်။ အဆိုပါ Card များအား Website ပေါ်တွင် ဘာသာစကားမျိုးစုံနှင့် အခဲ့မဲ့ရယူနိုင်ပြီး ၎င်းတို့သည် CFI နှင့် ESJ Lille တို့၏ သတင်းသမားများအား သင်ကြားပေးသည့် အရည်အချင်းကို ကိုယ်စားပြုပါသည်။ ထို Card များကို သမ္ဘာရင့် ပရော်ဖက်ရှင်နယ်များမှ ရေးသားထားပြီး သတင်းစာပညာသင် ကျောင်းသားများသာမက သတင်းသမားများကိုပါ သင်ကြားပေးရာတွင်အသုံးပြုနိုင်ပါသည်။ လူတိုင်းအတွက် အခမဲ့ရယူနိုင်သော Tool တစ်ခု ဖြစ်သောကြောင့် ဤ Link ကိုသင်၏သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဘက်များအား ပြန်လည် ဝေမျှပေးဖို့လက်မနှေးပါနှင့်။ ESJ နှင့် CFI တို့မှ အဆိုပါ Card များဖန်တီးရာတွင် ဘာသာပေါင်း မြောက်များစွာသို့ ဘာသာပြန်ဆိုပေးရန်ဆုံးဖြတ်ထားသည့်အလျောက် သင်လည်း ဘာသာ အသစ်များထည့်သွင်းပေးရန် ကူညီပေးနိုင်ပါသည်။ ထိုသို့ဘာသာအသစ်ထည့်သွင်းသည့် ကိစ္စတွင် ကျွန်ုပ်တို့မှ တည်းဖြတ်ခြင်းနှင့် တာဝန်ယူမှုအပိုင်းတွင် သင့်အား ကူညီရန် အဆင်သင့် ရှိပါသည်။ အဆိုပါ Project မျိုးကိုစိတ်ဝင်စားသည်ဆိုပါက ကျွန်ုပ်တို့အား အောက်ပါ Email လိပ်စာသို့ဆက်သွယ်နိုင်ပါသည်။ contact@24hdansuneredaction.com

CFI, a French media cooperation agency

Canal France International (CFI) သည် အာဖရိက၊ မြေထဲပင်လယ်ဒေသ၊ ဘောလ်ကန်းနစ်၊ ကော့ကေးရှန်း နှင့် အာရှနိုင်ငံများတွင် ပြင်သစ်နိုင်ငံ၏ မီဒီယာပူးပေါင်းပါဝင်မှုကို အဓိက လုပ်ဆောင်ပေးနေသည်မှာ အနှစ် ၂၀ ကျော်ရှိခဲ့ပြီဖြစ်ပါသည်။ ပြင်သစ် ရုပ်မြင်သံကြား၏ ဖခင်ဖြစ်သော CFI ကို ပြင်သစ် နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ ဝင်ငွေပံ့ပိုးထားသည်။ CFI သည်ယခင်က ရုပ်မြင်သံကြားလိုင်းတစ်ခုဖြစ်ခဲ့သည့်အားလျော်စွာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မီဒီယာ ဌာနများအား မည်သို့သော အခက်အခဲ မည်သို့သော ဘာသာစကားအသုံးပြုသည် ဖြစ်စေကာမူ ကူညီနိုင်စွမ်းရှိသည်။ ၎င်း၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Etienne Fiatte က ပူးတွဲလုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများအား ရှေ့ဆက်ရမည့်လမ်းစဥ်များနှင့်ပတ်သက်၍ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပူးပေါင်းလုပ်ဆောင်ပေးနေသည်။ ကျွနု်ပ်တို့၏ website ကိုကြည့်ရှုရန် www.cfi.fr.

Customized Expertise Transmission:

CFI သည်သူတို့၏ကျွမ်းကျင်မှုဖြင့် အခြားသော သတင်းအဖွဲ့အစည်းများကိုလမ်းပြခြင်း၊ သင်တန်းပေးရာတွင်ဦးဆောင်ခြင်းနှင့် လမ်းစဥ်တိုးတက်ကောင်းမွန်အောင် ကူညီလက်တွဲ လုပ်ဆောင်ခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သည်။ France Televisions, TV5 Monde, France 24, the AFP နှင့် Canal+ တို့မှ ပရော်ဖက်ရှင်နယ်များက သင်တန်းများကိုပို့ချပေးခဲ့သည်။

CFI သည် သူတို့နှင့်လက်တွဲလုပ်ဆောင်နေသည့်အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးတွဲလုပ်ဆောင်ခြင်းဖြင့် ထိုအဖွဲ့အစည်းများအား ရေရှည်တည်တံ့ရန်အတွက် ပြသနာဖြေရှင်းနည်းများ အကောင်အထည် ဖော်ရာတွင် လိုအပ်ချက်များနှင့် အဖြေရှာလိုသည့်စိတ်ဓါတ်ကို ရှာဖွေရာတွင် ကူညီပေးနေသည်။ ဒေသဆိုင်ရာရုံးခွဲများမှနေ၍ အရေးပါသောအကြံဥာဏ်များနှင့် သင်တန်းများလည်းပေးနေသည်။

ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် CFI သည် လက်တွဲဖော်များအား ခိုင်ခိုင်မာမာသီးခြားရပ်တည်နိုင်ရန်နှင့် ပြိုင်ဆိုင်မှုအဆင့်မြင့်လာစေရန် အားပေးအားမြှောက်ပြုပေးနိုင်ခဲ့သည်။

Ecole Supérieure de Journalism de Lille

၁၉၂၄ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သော Ecole Supérieure de Journalism de Lille သည် ဥရောပတွင် အကောင်းဆုံးသတင်းစာပညာကျောင်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်သည်။

ကနဦး သတင်းစာပညာသင်တန်းပို့ချခြင်းသည် ESJ ၏ပထမဆုံးလုပ်ဆောင်ချက်ဖြစ်သည်။ နှစ်စဥ် ဝင်ခွင့်စာမေးပွဲအောင်မြင်လာသော ကျောင်းသားများသည် ‘Polymedia’ သင်တန်း(တီဗွီ၊ ရေဒီယို၊ ပုံနှိပ်၊ ဝက်ဘ်၊ ကြေးနန်း) ကို ၂ နှစ်တက်ရောက်ခွင့်ရသည်။ ထိုသို့ကျောင်းသားရွေးချယ်ရာတွင် နိုင်ငံရပ်ခြားမှ လာရောက်သောကျောင်းသားများကိုလည်း တက္ကသိုလ်တစ်ခုခုတွင် အနည်းဆုံး ၃ နှစ် တက်ရောက်ပြီး ဘွဲ့တစ်ခုရရှိထားပါက လက်ခံပေးသည်။

သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ မဟာဘွဲ့အတွက်သင်ကြားပေးနေပြီး ပြင်သစ်စကားပြောတတ်သည့် သတင်းအချက်အလက် စီမံခန့်ခွဲသူများကိုလက်ခံနေသည်။

၁၉၉၂ မှစ၍ ကျွန်ုပ်တို့၏ သတင်းစာပညာနှင့် မီဒီယာဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချ၍ ESJ International မှတစ်ဆင့်သတင်းသမားများနှင့် တွဲဖက်အဖွဲ့အစည်းများကို ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။ နှစ်စဥ်နှစ်တိုင်း ကျွန်ုပ်တို့၏ အသိပညာများကိုအသုံးချ၍ ကမ္ဘာအနှံ့စီမံကိန်းများ ဆောင်ရွက်နေသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ပေးနေသောဝန်ဆောင်မှုများ၏ အရည်အသွေးကိုအာမခံနိုင်ပြီး မိတ်ဘက်တိုင်းကို အာရုံစူးစိုက်ပေးနိုင်ခဲ့သည်။

ပါဝင်ဆောင်ရွက်နေသည့်နယ်ပယ်များ

  • ကနဦး နှင့် နောက်ဆက်တွဲ သတင်းစာပညာသင်တန်း
  • မီဒီယာ အတိုင်ပင်ခံခြင်း (မီဒီယာဌာနများနှင့် ၎င်းတို့၏ တွဲဖက်/မိတ်ဘက် အဖွဲ့အစည်းများ)

ESJ International ၏ကျွမ်းကျင်မှုမှ အကျိုးဖြစ်ထွန်းလိုပါက esj-international@esj-lille.fr ထံသို့ email ပို့နိုင်ပါသည်။

ESJ မှ သတင်းပညာရပ်ဆိုင်ရာ အလုပ်အကိုင်များနှင့်ပတ်သတ်၍ သုတေသနအဖွဲ့တစ်ခုဖွဲ့စည်း ထားသည်။ ထိုအဖွဲ့တွင် သုတေသီများနှင့် သတင်းသမားများတွေ့ဆုံဆွေးနွေးနိုင်သည်။ ထိုအဖွဲ့မှ the university of Laval (Québec), the Cahiers du journalisme နှင့်လက်တွဲ၍ ထုတ်ဝေသူအဖြစ်လည်း ဆောင်ရွက်ပေးနေသည်။